မက်ကာသီစင်ကာလလို့ ခေါ်ဆိုရမယ့် အချိန်ကာလကို အမှီပြုပြီး
အကျင့်စရိုက်မတူကွဲပြား ရည်မှန်းချက်ကြီးမားတဲ့ ဟော့ကင်းနဲ့
ကျောင်းဆင်းပြီးကာစ ကတ်သလစ်ဘာသာဝင် လူငယ်လေးဖြစ်တဲ့
တင်မိုသီ ဒီအမျိုးသားနှစ်ဦးရဲ့ အချိန်ကာလ အခက်အခဲမျိုးစုံကြားထဲက
အချစ်ဇာတ်လမ်းအကြောင်းကို ရိုက်ကူးထားတာပါ။
အမေရိကန်-ဗီယက်နမ် စစ်ပွဲခေတ်ကာလ နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ချိန်
ဒစ်စကိုဂီတ တစ်ခေတ်ဆန်းချိန်၊ အေအိုင်ဒီအက်စ် ကူးစက်ရောဂါ အမေရိကားမှာ
စတင်ရောက်ရှိ ပြန့်ပွားချိန်တွေကိုနောက်ခံထားပြီး အပိုင်း(၈)ပိုင်းပါဝင်မယ့်
ဒီမီနီစီးရီးက ၂၀၂၃ အောက်တိုဘာ ၂၉ ကမှ ပူပူနွေးနွေး အပိုင်း (၁) ထွက်ရှိလာတာပါ။
(18+ scences) အချို့ ပါဝင်တာမို့လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့်တော်ပါဘူး
သမိုင်းကြောင်းဝတ္ထုတွေရေးရာမှာ နာမည်ကြီး စာရေးဆရာဖြစ်တဲ့ သောမတ်စ်မယ်လွန်
၂၀၀၇ ခုနှစ်က ရေးသားထုတ်ဝေထားတဲ့ စာအုပ်ကို ရိုက်ကူးထားခြင်းဖြစ်ပါတယ်။