အဓိကဇာတ်လိုက် မာသာမစ်ချယ်နေရာမှာ သရုပ်ဆောင်ထားသူကတော့
ဝါရင့်မင်းသမီးကြီး ဂျူလီယာရောဘတ်ပဲဖြစ်ပြီး
ရှေ့နေချုပ်ဂျွန်မစ်ချယ်အဖြစ် Mystic River, Milkတို့ရဲ့မင်းသား၊ Into The Wildရဲ့ဒါရိုက်တာ ရှောင်ပင်းလို
ဝါရင့်သမ္ဘာရင့်တွေက ဦးဆောင်ပါဝင်ထားပါတယ်။
ဝါးတားဂိတ်အရှုပ်တော်ပုံဆိုတာ သမ္မတနစ်ဆင်လက်ထက်
၁၉၇၂ခုနှစ်ရဲ့ရွေးကောက်ပွဲမတိုင်ခင် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်၊
၁၉၆၈ ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် သမ္မတဖြစ်လာတဲ့ရစ်ချက်နစ်ဆင်ဟာ
၁၉၇၂မှာ ဒုတိယသမ္မတသက်တမ်းအတွက် ထပ်မံ အရွေးခံခဲ့ပါတယ်၊
ဒီတစ်ကြိမ်မှာလည်း သူပဲ ထပ်ပြီးအနိုင်ရမယ်လို့ ထင်ကြေးပေးခံထားရတာပါ၊
ဒါပေမဲ့ သမ္မတရာထူးအတွက် အတိမ်းအစောင်းအဖြစ်မခံနိုင်ခဲ့တဲ့ သူဟာ
ခြေဥဖောက်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ကျူးလွန်ခဲ့ပါတယ်။
ဒါကတော့ သူဖွဲ့စည်းထားတဲ့ သမ္မတပြန်ရွေးကောက်ခံကော်မတီမှတဆင့်
သူ့ရဲ့ သမ္မတအင်အားနဲ့ ပြိုင်ဖက်ပါတီဖြစ်တဲဲ့ ဒီမိုကရက်တစ် ပါတီအပေါ် အဖျက်အမှောင့်မျိုးစုံလုပ်ခဲ့ခြင်းပဲ ဖြစ်ပါတယ်၊
အဆိုပါ လုပ်ငန်းတွေဟာ ၁၉၇၂ခု ဇွန်လ ၁၇ရက်မှာ ဒီမိုကရက်တစ် နေရှင်နယ်ကော်မတီရဲ့ ရုံးချုပ်ဖြစ်တဲ့
ဝါးတားဂိတ်အဆောက်အအုံတွင်း အသံဖမ်းစက်တပ်ပြီး သတင်းရယူဖို့ ကြိုးစားခဲ့တဲ့ လူ၅ယောက်ကိုဖမ်းဆီးမိခဲ့ရာမှ
တစ်စငင် တစ်စင်ပါ ဆိုသလို နစ်ဆင်နဲ့ လက်အောက်ငယ်သားတွေရဲ့ ကျင့်ဝတ်ဖောက်ခဲ့မှုတွေ တန်းစီပြီး ပေါ်လာခဲ့ပါတယ်၊
ရစ်ချက်နစ်ဆင်ဟာလည်း ထိုအရေးကြောင့် အမေရိကန်သမ္မတတွေထဲမှာ
ပထမဆုံးနဲ့တစ်ဦးတည်းသော သမ္မတရာထူးမှ နှုတ်ထွက်ပေးခဲ့ရသူ ဖြစ်လာခဲ့ပါတယ်။
အထက်မှာ မိတ်ဆက်ပေးခဲ့တဲ့ ယူအက်စ်ရှေ့နေချုပ်ကြီး ဂျွန်မစ်ချယ်က နစ်ဆင်ရဲ့ ပြန်ရွေးကောက်ခံ ကော်မတီခေါင်းဆောင်ပါ၊
သူကမှ တဆင့် မဲဆွယ်ကာလ အဖျက်လုပ်ငန်းတွေကို လုပ်ဆောင်သွားတာပါ၊
သူ့ရဲ့ဇနီး မာသာမစ်ချယ်က ပွင့်လင်းလွန်းသူ၊ ပါးစပ်စည်းမစောင့်တတ်သူအဖြစ် နိုင်ငံရေးအသိုင်းအဝိုင်းမှာ နာမည်ကြီးပါတယ်၊
အတည်မပြုနိုင်သေးတဲ့ တချို့သတင်းတွေအရ ဝါးတားဂိတ်အရှုပ်တော်ပုံကို သဲလွန်စ,စရခဲ့တာ
သူ့ရဲ့အင်တာဗျုးကဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ဒီစီးရီးမှာတော့ နစ်ဆင်နဲ့ သူရဲ့မဲဆွယ်ကော်မတီတို့ ဒီမိုကရက်တစ်ပါတီကို ဘယ်လို နည်းလမ်းတွေနဲ့ နှောင့်ယှက်ခဲ့သလဲ၊
နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံး ရာထူးရှင်တွေကြား အားပြိုင်မှုက ဘယ်လောက်ထိပြင်းထန်လဲ၊
နိုင်ငံရေး လှည့်ကွက်တွေကို ဘယ်လို အပြိုင်အဆိုင်သုံးကြမလဲဆိုတာ အသေးစိတ် မြင်တွေ့ရမှာပါ၊
ဒါ့အပြင် မာသာမစ်ချယ်တို့ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးပြဿနာ၊
သူ့ရဲ့နှုတ်ဖွာမှုနဲ့ အထက်လူကြီးတွေကြားက အမုန်း အာဃာတ၊ စတာတွေကို
ရသစုံကြည့်ရှုခံစားရမယ့် သုတ၊ရသ ၂ခုလုံးကို ပေးနိုင်မယ့် ဇာတ်လမ်းတွဲကောင်းပဲ ဖြစ်ပါတယ်၊
တကယ်လို့ သင်က ဖြစ်ရပ်မှန်တွေ စိတ်ဝင်စားတယ်၊
နိုင်ငံရေးသမိုင်းကြောင်းနဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်းတွဲက သင့်အတွက်ပါပဲ။