တရားမျှတမှုဟာ မျက်ကွယ်ပြုခံရပြီး
ကိုယ့်မိသားစုကိုဆုံးရှုံးရတဲ့အခါ…
ကိုယ့်ဘဝကို ဖျက်ဆီးတဲ့သူတွေကို
လက်စားချေဖို့ စိတ်အားထက်သန်လာတတ်တာက လူ့သဘာဝပဲမဟုတ်လား..
Elegant Empireဆိုတဲ့ ဒီစီးရီးကတော့
မိသားစုကိုဆုံးရှုံးလိုက်ရပြီး တရားမျှတမှုမရလို့
လက်စားပြန်ချေဖို့ကြိုးစားကြသူနှစ်ဦးရဲ့
အချစ်ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပါတယ်
Jang Ki Yoonကတော့ Empire Entertainment ရဲ့ဥက္ကဌဖြစ်ပြီး
မိသားစုကချမ်းသာကြွယ်ဝတဲ့အပြင်
ကိုယ်တိုင်ကလည်း ထက်မြတ်တဲ့သူတစ်ယောက်ပါ
ပြီးပြည့်စုံလှပါပြီဆိုတဲ့ Jang Ki Yoonမှာလည်း အများတကာမသိတဲ့
လျှို့ဝှက်ချက်တစ်ခုရှိနေပြန်ပါတယ်
Seo Hee Jaeကတော့ ဇနီးကောင်း မိခင်ကောင်းတစ်ယောက်ဖြစ်ပြီး
ထင်မှတ်မထားတဲ့ မတော်တဆမှုတစ်ခုကြောင့် သက်ညှာမှုမရှိဘဲ
လက်စားချေချင်နေတဲ့သူတစ်ဦးပါ
လျှို့ဝှက်နက်နဲတဲ့ သူတို့နှစ်ဦးရဲ့အကြောင်းတွေနဲ့ လက်စားချေဖို့အတွက်
ဘယ်လိုရုန်းကန်ကြမလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ရှုပါဦး