ဘဝနိဂုံးချုပ်ဖို့ ၅ လတောင်မလိုတော့တဲ့လူနာပေါင်းများစွာကို
အကြံပေးဆွေးနွေးနှစ်သိမ့်စောင့်ရှောက်ရတဲ့ ပရယ်ရာနာ….
လူနာတွေရဲ့ နာကျင်ကြေကွဲသံတွေ ကျန်ရစ်သူတွေအပေါ် စိတ်မချနိုင်တဲ့စိတ်တွေ
နာကျင်လွန်းလို့ အမြန်အဆုံးသတ်ချင်သူတွေ ဒီလူတွေကို နေ့စဉ်နဲ့အမျှ အားပေးနေရတဲ့အပြင်..
သူ့ကိုယ်ပိုင်ဘဝမှာလည်း အထီးကျန်ရတာတွေ နွေးထွေးကြင်နာမှုမရတာတွေကိုကြုံတွေ့နေရသူ
တစ်နေ့မှာတော့ သူတာဝန်ကျဆေးရုံကို ဘာအချက်အလက်မှမပေးချင် သေသွားရင်အလောင်းကို
လမ်းပေါ်သာပစ်ထားလိုက်ဆိုပြီး လက်ကျန်ဘဝအတိုအစကို စီးကရက်တစ်လိပ်နဲ့ အတွေးကြားမျောရင်း
ကုန်ဆုံးသွားချင်တဲ့လူနာတစ်ယောက်ရောက်လာခဲ့တယ်
ဒီလူနာကို လက်ကျန်ဘဝလေးမှာ တန်ဖိုးရှိရှိဖြတ်သန်းနိုင်ဖို့ ကွယ်လွန်ပြီးနောက်ကောင်းကောင်းစီမံနိုင်ဖို့
ပရယ်ရာနာရင်ဆိုင်ရတော့တယ် ဒီနှစ်ယောက်ရဲ့တွေ့ဆုံမှုနဲ့ သူတို့ဘဝတွေ ၊ ရင်ဖွင့်သံတွေကြားက
romance drama လှလှလေးတစ်ပုဒ်ကိုခံစားကြည့်ပါဦး ဒီကားက ရုံတင်ငွေသောက်သောက်လဲရပြီး
ရီဗျူးပေါင်းသောင်းချီနေတာမျိုးမဟုတ်ပေမဲ့ ကြည့်မိတဲ့ပရိသတ်တိုင်းဆီက မှတ်ချက်ကောင်းလေးတွေရထားတာမို့
CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်

Post
Kabir Pahwa
Post
Paresh Rawal
Post
Shiv Panditt
Post
Neena Kulkarni
Post
Mimi Chakraborty

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top