မိန်းကလေးတစ်ယောက်အနေနဲ့ မွေးဖွားလာရတာ ကျိန်စာလိုပါပဲလား”
“ဒီလိုမိန်းကလေးတွေရဲ့ဘဝမျိုး ဘယ်သူမှ မကြုံရပါစေနဲ့”(အင်ဒရာ)
ဒီစကားတွေကတော့ အမျိုးသမီးတွေဆိုရင် နင်းပြားသာသာဖိနှိပ်ချင်လွန်းတဲ့ ယောက်ျားသားတွေကြားမှာ ရှင်သန်ရတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုရဲ့သားကောင်ဖြစ်တဲ့မိန်းကလေးတစ်ယောက်ရဲ့ နောက်ဆုံးဖွင့်ဟဝန်ခံချက်တစ်ခုပေါ့။ ဒီဇာတ်ကားလေးကတော့ မိန်းကလေးတွေဟာ အားနည်းတယ် ပျော့ညံ့တယ် ယောက်ျားတွေလက်အောက်မှာပဲနေရမယ် စသည် စသည်ဖြင့် အမျိုးသမီးတွေကို တစ်ဆင့်နှိမ့်ထားတဲ့အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးအတွက်တိုက်ခိုက်မယ့် ဆရာမလေးဘာရသီအကြောင်း ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ခုပါ။