Park Yoon-Zo (Lee Yeon-Hee) ကတော့ ပညာရေးနောက်ခံသိပ်မရှိတဲ့ သာမန် အမျိုးသမီးငယ်လေးတစ်ယောက်ဖြစ်ပါတယ်။
သူနဲ့ ဆန့်ကျင်ဘက်စိတ်နေသဘောထားရှိပြီး ထက်မြက်တဲ့ သူငယ်ချင်း Ryu Jae-Min (Hong Jong-Hyun)အလုပ်လုပ်တဲ့
ကုမ္ပဏီကြီးတစ်ခုမှာ PR Department ပိုင်းအတွက် ခန့်အပ်ခြင်းခံလိုက်ရတဲ့အခါမှာတော့…
PR ပိုင်းဆိုင်ရာမှာ ကျွမ်းကျင်တဲ့ Ku Yi-Jung (Moon So-Ri) နဲ့ အတူအလုပ်လုပ်ပြီး ပညာအရည်အချင်းဆိုတဲ့ ကန့်သတ်မျဉ်းတွေကို
ဖြတ်ကျော်ကာ ရုန်းကန်ကြိုးစားရင်း ကုမ္ပဏီဝန်ထမ်းကောင်းတစ်ယောက်အဖြစ် Yoon-Zo တစ်ယောက် တိုးတက်လာတာကို မြင်ရမှာဖြစ်ပါတယ်။
Welcome to Wedding Hell နဲ့ ပရိတ်သတ်ကြီးနှစ်သက်သဘောကျခဲ့ရတဲ့ မင်းသမီး Lee Yeon-Hee နဲ့အတူ
Moon Lover ထဲက Wang Yo တဖြစ် မင်းသားချော (Hong Jong-Hyun)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး
ကိုယ်ပိုင်အမြင် အတွေးအခေါ်တွေကို ထုတ်ဖော်ပြသတာ သဘောကျတတ်တဲ့ PR အေဂျင်စီရဲ့ CEO Seo Dong-Hoon အဖြစ်
K-pop group TVXQ (DBSK)member (U-Know Yunho)ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
Female Mainlead ကားလေးဖြစ်ပြီး အမျိုးသမီးတွေရဲ့ လုပ်ကိုင်နိုင်စွမ်းကိုတင်စားပြသထားသလို
ပညာအရည်အချင်းနောက်ခံတွေမလိုဘဲ ကြိုးစားရင်ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ သင်ခန်းစာ လေးပါရနိုင်တာမို့
ရုံးတွင်းဆက်ဆံရေးတွေ PR,Marketing ပိုင်းစိတ်ဝင်စားတဲ့သူတွေအတွက် ကွက်တိ
‘Race’ ဆိုတဲ့ ဒီ business romance ကားလေးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း CM က တင်ဆက်ပေးသွားမှာဖြစ်လို့
စောင့်မျှော်ကြည့်ရှုပေးကြပါဦးရှင်။