ဒစ်စနေးရဲ့ ပွဲဦးထွက် စတားဝါးစ် စီးရီးလာပါပြီ။အတော်ကို လန်းပါတယ်။ စတားဝါးစ်ဖန်တွေ အကြိုက်တွေ့မှာပါ။
အထူးပြုလုပ်ချက်တွေနဲ့ အကောင်တွေ ယာဉ်တွေ လုပ်ထားတာအတော်ကိုကောင်းပါတယ်။
စီးရီးဆိုပေမယ့် ရုပ်ရှင့်အဆင့်နီးပါး ဖန်တီးထားတာပါပဲ။တိုက်ခိုက်ခန်းတွေကလည်း
တကယ့် စတားဝါးအငွေ့အသက်ကို ရမှာပါ။ကြည့်လေလေ သဘောကျလေလေပါပဲ။
ဇာတ်လမ်းကတော့ တစ်ပိုင်းထဲနဲ့ ကောင်းမကောင်းပြောဖို့ခက်ပါသေးတယ်။
အပိုင်း ၁ ရဲ့ အခြေအနေအရတော့ မေးခွန်းတွေနဲ့ စိတ်ဝင်စားစရာ ကောင်းနေတုန်းပါပဲ။
ဒီစီးရီးရဲ့ အချိန်ကာလကတော့စတားဝါးစ် ၆ – ရီထန်းအော့ဖ်သယ်ဂျဒိုင်း အပြီးကနေ စတင်ထားတာပါ။
ဆရာယိုးဒါး၊ အင်ပါယာ၊ ဒါ့သ်ဗိတ်ဒါတို့သေဆုံးပြီးသွားခဲ့ပါပြီး။ ဆရာယိုးဒါးဟာ
အသက် ၉၀၀ ဝန်းကျင်မှာ သေသွားခဲ့တာပါ။ဒါကိုလည်း အကြောင်းရှိလို့ ပြောပြတာပါ။
စီးရီးရဲ့ နာမည် မန်ဒါလိုရီးယန်း ဆိုတာစတားဝါးစ်ရဲ့ နာမည်ကျော် မျိုးနွယ်စု တစ်ခုနာမည်ပါပဲ။
သူတို့တွေဟာ နာမည်ကျော် ချပ်ဝတ်အင်္ကျီတွေနဲ့တိုက်ခိုက်မှုကျွမ်းကျင်ကြလို့ ကျော်ကြားပါတယ်။
စတားဝါးစ် နံပါတ် ၅ အင်ပါယာ စထရိုက်ဘက်မှာမိတ်ဆက်သွားတာကို တွေ့မှာပါ။
နောက်ပြီး စတားဝါး ၂ – ကလုန်းစစ်ပွဲမှာလည်း ပါပါတယ်။ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဘော့ဘာဖက်ထ်ရဲ့
ကာရိုက်တာကို လူကြိုက်များလာတဲ့အတွက်မန်ဒါလိုရီးယန်း ဇာတ်လမ်းတွေ ထပ်ပြီးပေါ်ပေါက်လာခဲ့တာပါပဲ။
ဒီအထဲမှာ ဘက်စကာဆိုတဲ့ မန်ဒါလိုရီးယန်းဝတ်စုံသတ္တုလည်း ပါပါတယ်။