အတွေ့အကြုံရှိတဲ့ သံတမန်တစ်ဖြစ်လဲ အမေရိကန်ရဲ့ သံအမတ်ဟောင်းဖြစ်တဲ့ Moon-Joo (Jun Ji-Hyun) ဟာ
စူးရှတဲ့ဝေဖန်ပိုင်းခြားနိုင်စွမ်းနဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့် နိုင်ငံတကာအဖွဲ့အစည်းရဲ့ ယုံကြည်မှုကို
ရရှိထားသူဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မြောက်ကိုရီးယားရော တောင်ကိုရီးယားပါ ပါဝင်နေတဲ့ နာမည်ကြီး
လုပ်ကြံမှုတစ်ခုဟာ လျှို့ဝှက်တဲ့ နိုင်ငံရေးပရိယာယ်တွေနဲ့ ဆက်စပ်နေတာကို သိသွားပြီးနောက် သူမပါ
အန္တရာယ်တောထဲ ကျရောက်လာပါတော့တယ်။ ဒီလိုနဲ့ပဲ Moon-Joo တစ်ယောက် စကားနည်း အသေးစိတ်ကျပြီး
နောက်ကြောင်း သေချာမသိရတဲ့ လက်ရွေးစင်ကြေးစားတစ်ယောက် ဖြစ်တဲ့ San-Ho (Kang Dong-Won) နဲ့
တွေ့ဆုံပြီးနောက် နှစ်ယောက်သားနောက်ကွယ်က အမှန်တရားကို ရှာဖွေကြရင်း ကြုံတွေ့လာရမဲ့အန္တရာယ်တွေကို
ကျော်ဖြတ်နိုင်သွားပြီး အမှန်တရားကို ရှာတွေ့နိုင်သွားမလားဆိုတာကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်းမှာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။