အဘွားဖြစ်သူရဲ့ စောင့်ရှောက်မှုအောက်မှာ တစ်သက်လုံးဖြတ်သန်းလာခဲ့တဲ့ အေးစက်စက်ကောင်မလေး
ဂါယောင်း (Bae Suzy) ဟာ တစ်နေ့မှာတော့ မီးခွက်တစ်လုံးကို မထင်မှတ်ဘဲ တက်နင်းမိပြီး
နှစ်ထောင်ပေါင်းများစွာက လျှို့ဝှယ်ဆန်းကြယ် ဝိညာဉ်တစ်ခုဖြစ်တဲ့ မီးခွက်စောင့်ဘီလူး ဂျင်နီ(Kim Woo Bin) ကို
နှိုးမိသွားခဲ့ကာ ဂျင်နီဆီကနေ ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ ဆုတောင်း ၃ ခု ရရှိခဲ့ပါတယ်။
ဂျင်နီရဲ့ မှော်ပညာတွေက ဂါယောင်းရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ ဘဝလေးကို လှုပ်ခတ်စေလာတဲ့အပြင်
ဂျင်နီအတွက်လည်း သူနဲ့မရင်းနှီးတဲ့ ခေတ်သစ်ကို တွေ့ကြုံလိုက်ရတဲ့အခါမှာတော့ နှစ်ဦးသား တစ်ယောက်ကို
တစ်ယောက်ကူညီပေးရင်း ထူးဆန်းတဲ့ချစ်ခြင်းမေတ္တာကို ခံစားလိုက်ရပါတယ်။
သို့သော်လည်း ဖြစ်လာမဲ့ ကိစ္စတွေဆိုတာ မခန့်မှန်းနိုင်တဲ့အရာမျိုး ဖြစ်တဲ့အခါ ကောင်မလေး ဂါယောင်းနဲ့
မီးခွက်စောင့်ဘီလူး ဂျင်နီတို့ ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့နှစ်ယောက်ရဲ့ အချစ်ပုံပြင်ကရော
ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။