ဂျိတ် (Jude Law) ဆိုတာ တက်သစ်စ စားသောက်ဆိုင်လုပ်ငန်းရှင်တစ်ယောက် ကြိုးစားတဲ့အပြင်လာဘ်မြင်တဲ့သူလည်းဖြစ်တယ်။
နယူးယောက်မြို့မှာ ဘလက်ရက်ပစ် (Black Rabbit)လို့ခေါ်တဲ့ အတန်အသင့်အောင်မြင်တဲ့စားသောက်ဆိုင်ဖွင့်ထားပြီး လုပ်ငန်းချဲ့ထွင်ဖို့လည်း စီစဥ်နေချိန်မှာ
သူ့ရဲ့ပရမ်းပတာနိုင်တဲ့ အစ်ကိုဖြစ်သူ ဗင့်စ်(Jason Bateman) တစ်ယောက် သူ့ဆီကိုရောက်လာခဲ့တယ်။
တစ်ချိန်က ညီအစ်ကိုနှစ်ဦး စိတ်ကူးကိုယ်စီနဲ့လက်တွဲပြီး ဘလက်ရက်ပစ်ကိုစတင်ခဲ့ပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားခဲ့ရတဲ့ အစ်ကိုဖြစ်သူ ဗင့်စ်ဟာ အကြွေးတစ်နင့်တစ်ပိုးနဲ့အတူ မြေအောက်လောကသားတွေနဲ့ ပတ်သက်ပြီး ပြန်ရောက်လာခဲ့တာကြောင့် ဂျိတ်တစ်ယောက်ပါ မြေအောက်လောကနဲ့ပတ်သက်ဖို့ဖြစ်လာပါတော့တယ်။