အလုပ်ဂျပိုးလေး နယူးရော့ခ်သူ ဂျက်စီကာတစ်ယောက် အလဲလဲအကွဲကွဲနဲ့ အသည်းကွဲပြီးတဲ့နောက်
ဘဝသစ်စတင်ဖို့ရာဆိုပြီးတော့ သူ့သူငယ်ချင်း အကြံပေးခဲ့တဲ့အတိုင်း လန်ဒန်ကို ထွက်ခွာပါတော့တယ်။
ဘဝသစ်နဲ့အတူ အချစ်သစ် အချစ်စစ်ကိုပါ မျှော်လင့်ရင်းနဲ့ပေါ့။
သူ့ရဲ့ စံအကြိုက်ပုံစံက အင်္ဂလန်ကျေးလက်ပိုင်းရုပ်ရှင်တွေထဲက အချစ်သူရဲကောင်းတွေလို။
ကွဲနေတဲ့နှလုံးသားကို ကုသပေးနိုင်မယ်လို့ သူ ထင်မိသွားတဲ့ အင်္ဂလိပ်သံဝဲဝဲနဲ့
သူ့အကြိုက်ပုံစံ ဂီတသမားတစ်ယောက်နဲ့ ကံကောင်းစွာကဲလားတော့မသိ ဆုံမိသွားတော့တယ်။
ဒါပေမယ့်လည်း သူမျှော်လင့်ထားသလိုကော ဘဝသစ်မှာ အချစ်စစ်အချစ်သစ်တွေပေးမယ့်
စိတ်ကူးယဉ်ဆန်ဇာတ်လမ်းတွေထဲကလို အချစ်သူရဲကောင်းမျိုးနဲ့ ဆုံနိုင်တော့မှာလားဆိုတာကိုတော့
(၂၀၂၅)မှာ ထွက်ရှိလာတဲ့ Romantic Comedy အမျိုးအစားဇာတ်လမ်းတွဲ “Too Much”မှာ ခံစားနိုင်ပြီပဲဖြစ်ပါတယ်။