ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ စီးရီးကတော့ ယောက္ခမလောင်းနဲ့ ချွေးမလောင်းအကြားကတင်းမာမှုတွေကို ပုံစံဆန်းဆန်းနဲ့
မြင်တွေ့ရမဲ့ Amazon prime ရဲ့ စီးရီးသစ်ပဲဖြစ်ပါတယ်။
ဒန်နီရယ်တို့မိသားစုဟာ ကျိကျိတက်ချမ်းသာတဲ့ လူချမ်းသာမိသားစုဖြစ်ပြီး ထိပ်တန်းဟိုတယ်ကြီးတွေ၊ ပန်းချီပြခန်းတွေပိုင်ဆိုင်တဲ့အပြင်
ဒန်နီရယ်ကိုယ်တိုင်ကလည်း ဆေးကျောင်းသား ဆရာဝန်လောင်းတစ်ယောက်ပါ။
တစ်နေ့မှာ ဒန်နီရယ်ဟာ တိုက်ခန်းဝယ်ဖို့ အိမ်ခြံမြေအကျိုးဆောင် အေဂျင်စီတစ်ခုနဲ့ ချိတ်ဆက်ရာကနေ ချယ်ရီဆိုတဲ့ ကောင်မလေးနဲ့
ငြိစွန်းသွားခဲ့ပါတယ်။
ချယ်ရီကတော့ ဒန်နီရယ်နဲ့ အခြေအနေချင်းခြားနားလွန်းလှပြီး အဆင့်အတန်းမြင့်တဲ့ဘဝကိုပိုင်ဆိုင်လိုတာကြောင့်
လူချမ်းသာတစ်ယောက်ကို အပိုင်ဖမ်းဖို့ ကြံနေသူပါ။
ဒီအချိန်မှာ ကြားဝင်လာတာကတော့ ဒန်နီရယ်ကို သာမန်ထက်ပိုပြီး သည်းသည်းလှုပ်အောင်ချစ်တဲ့ မိခင် လော်ရာပဲဖြစ်ပါတယ်။
ဒန်နီရယ်က ချယ်ရီကိုသူ့မိဘတွေနဲ့ မိတ်ဆက်ပေးတဲ့အချိန်မှာ လော်ရာက ချယ်ရီရဲ့မူမမှန်မှုတွေကို သတိထားမိလို့
နောက်ကြောင်းစုံစမ်းတာတွေ စလုပ်ပါတော့တယ်။
ခေသူမဟုတ်တဲ့ ချယ်ရီကလည်း မားမားဘွိုင်းဒန်နီရယ်ကို သူ့ဘက်ပါလာအောင် အကွက်စုံသုံးပြီး အပိုင်ချုပ်ပါတော့တယ်။
အဲဒီမှာတင် လော်ရာနဲ့ ချယ်ရီတို့ အကြား တင်းမာမှုတွေဖြစ်ပေါ်လာပြီး တစ်ယောက်ကိုတစ်ယောက် လှည့်ကြ၊ပတ်ကြ၊
အားပြိုင်ကြပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကြည့်ရှုရမဲ့ စိတ်ဝင်စားဖွယ် စီးရီးတစ်ခုပဲဖြစ်ပါတယ်။