ချစ်ရတဲ့သူ ယွီကျင်းလက်ထဲမှာ အသက်ဆုံးရှုံးခဲ့ရပြီးနောက်
ပြန်လည်မွေးဖွားလာတဲ့ တုံပင်းဘိုစံအိမ်က သခင်မလေး ၄ ကျန်းရှီ
သူ့ရဲ့ကံကြမ္မာကို ပြန်လည်ရေးသားနိုင်ဖို့အတွက် စေ့စပ်ပွဲကိုဖျက်သိမ်းခဲ့ပြီးတော့
ရေမွှေးဆိုင်ဖွင့် စီးပွားရေးလုပ်ရင်း ဆန်းကြယ်တဲ့မှုခင်းတွေကို ဖြေရှင်းခဲ့ပါတယ်။
အတိတ်ကမဖြေရှင်းနိုင်သေးတဲ့ကိစ္စတွေနဲ့အတူ ပြန်လည်ဆုံတွေ့လာကြတဲ့
သူတို့နှစ်ဦး ကံကြမ္မာကိုပြောင်းလဲနိုင်ဖို့ ကျန်းရှီမောင်နှမတွေနဲ့
သူမအဖေရဲ့နာမည်ကိုရှင်းလင်းနိုင်ဖို့အတွက် ယွီကျင်းနဲ့အတူ
ပူးပေါင်းလုပ်ဆောင်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အခက်အခဲတွေကို
အတူရင်ဆိုင် ကျော်လွှားခဲ့ကြပြီးနောက်မှာတော့ ယွီကျင်းအပေါ်
ကျန်းရှီရဲ့ခံစားချက်တွေပြောင်းလာခဲ့ပါတယ်။ နှစ်ယောက်အတူ
ကျိုးတိုင်းပြည်ကိုကာကွယ်ရင်း တစ်ယောက်နဲ့တစ်ယောက်
အတိတ်ကအချစ်ဇာတ်လမ်းလေးပြန်လည်ပေါက်ဖွားပြီး အတိတ်က
ဖြစ်ရပ်ဆိုးကို ဘယ်လိုကျော်လွှားမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်။