We Were Liars (2025)
6.7
Price - 800Ks
မြန်မာစာတန်းထိုး
Episode 1 - 8
Memory – 8 GB
Runtime : 2 Hours
Video Format : 1080 P
Genres : Drama Series, Mystery Series,

Trailer

“အရင်နှစ်နွေရာသီက ဆိုးဝါးတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်…. ကျွန်မကို ဘယ်အရာ ဒါမှမဟုတ် ဘယ်သူက ထိခိုက်နာကျင်စေလဲဆိုတာကို မမှတ်မိဘူး…. ကျွန်မမိသားစုထဲက ဘယ်သူကမှလည်း ပြန်မပြောပြကြဘူး…. …သူတို့က ကျွန်မနဲ့စကားပြောချင်စိတ်တောင် ရှိကြရဲ့လား မသိဘူး…. အမှန်တရားကြောင့် ကျွန်မစိတ်ထိခိုက်သွားမှာကို သူတို့စိုးထိတ်ကြတယ်ထင်တယ်…. မဟုတ်လည်း အဲဒါက သူတို့ကိုအရင်ထိခိုက်စေမှာကို စိုးရိမ်ပုံပဲ…. ကိုယ့်ကိုသေအောင်လို့ဆိုပြီး ပစ်ထားခံလိုက်ရတဲ့အခါ သိချင်စိတ်ဖြစ်လာမိတာ ပုံမှန်ပါပဲ….
ကျွန်မအဖြစ်ကို သိအောင်လုပ်ဖို့ စိတ်ဆုံးဖြတ်လိုက်ပြီ….” ဒီလိုစကားလေးနဲ့ ဇာတ်လမ်းကို အစချီထားပြီး ဇာတ်လိုက်မင်းသမီးက ကမ်းခြေတစ်ခုမှာ ဒဏ်ရာတွေနဲ့ လဲကျနေတာကို အရင်ဆုံး မြင်တွေ့ရမှာပါ။ အမေရိကန်တော်ဝင်မိသားစုလို့တောင် ခေါ်ထိုက်တဲ့ စင်ကလဲမိသားစုဟာ နွေရာသီတိုင်း သူတို့ရဲ့ ကိုယ်ပိုင်ကျွန်းဖြစ်တဲ့ ဘိချ်ဝုဒ်ကျွန်းကြီးပေါ်မှာ မိသားစုစုံစုံလင်လင်နဲ့ အားလုံးအတူတကွ ပျော်ပျော်ပါးပါး အချိန်ဖြုန်းလေ့ရှိကြပါတယ်တဲ့။ ဟယ်ရစ်စင်ကလဲဆိုတဲ့ ချမ်းသာပြီး ဩဇာအာဏာလည်းရှိသူ စီးပွားရေးလုပ်ငန်းရှင်ကြီးမှာ သမီး သုံးယောက်ရှိတယ် – ကယ်ရီ၊ ပန်နီနဲ့ ဘက်စ်တဲ့။
သမီး ၃ယောက်က အိမ်ထောင်ကိုယ်စီကျပြီး ကလေးတွေ ထပ်ရှိလာတော့ ကေဒန့်စ်၊ ဂျော်နီနဲ့ မီရန်… သူတို့အောက်မှာ အငယ်တွေထပ်ရှိသေးတယ်။ ဒါပေမဲ့ ကေဒန့်စ်တို့သုံးယောက်က ဇာတ်လိုက်ပေါ့။ တစ်နှစ်တစ်ခါ ကျွန်းပေါ်ရောက်တိုင်း ဆူမရ ဆဲမရနဲ့ အော်ကြောလန် အမွှေစိန်တွေကို နာမည်ပေးထားကြတယ်။ လူလိမ်လေးများတဲ့။ သူတို့အဖွဲ့မှာ စင်ကလဲမိသားစုဝင်မဟုတ်တဲ့ ဂက်ဆိုတဲ့ အိန္ဒိယနွယ်ဖွား ကောင်လေးတစ်ယောက်လည်းပါတယ်။ ဇာတ်လိုက်မင်းသမီး ကေဒန့်စ်အတွက် ကံဆိုးမိုးမှောင်ကျတဲ့ နွေရာသီက သူတို့လေးတွေအားလုံး အသက် ၁၆နှစ်ပြည့်တဲ့ နွေရာသီမှာပေါ့။
ဘယ်နေရာမှာ ဘယ်လိုတွေမှားယွင်းခဲ့ကြပြီး ထိခိုက်အနာတရတွေ ဖြစ်ရတဲ့အထိ ဘာတွေဖြစ်ခဲ့ကြလဲဆိုတာကို ကေဒန့်စ်က ပြန်သတိရလာအောင်လုပ်မယ့်ခရီးစဉ်ကို အတူလိုက်ပါစီးမျောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Post
Emily Alyn Lind
Post
Shubham Maheshwari
Post
Joseph Zada
Post
Esther-Rose McGregor
Post
David Morse
Post
Caitlin FitzGerald
Post
Candice King
Post
Mamie Gummer
Post
Rahul Kohli
Post
Wendy Crewson
Post
Brady Droulis
Post
Emerson MacNeil
Post
Manaia Wall
Post
Dylan Bruce
Post
Leandro Vigueras
Post
Raewynn Martel

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top