The Witch (2025)
7.2
Price - 1000Ks
မြန်မာစာတန်းထိုး
Episode 1 - 10
Memory – 6 GB
Runtime : 62 minutes
Video Format : 1080 P
Genres : Drama Series, Mystery Series,

Trailer

မီဂျောင် (Roh Jeong-Eui) ဆိုတဲ့ မိန်းကလေးဟာ တိတ်တိတ်လေးနေရင်တောင် ထင်ပေါ်နေတဲ့သူမို့
သူ့အနားကို ကပ်လာကြတဲ့ ကောင်လေးတွေ တစ်ပုံကြီးဆိုပေမဲ့ မီဂျောင်ကို သဘောကျမိတဲ့သူတိုင်းဟာ
သေဆုံးတာ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတာ နှစ်ခုထဲက တစ်ခုကိုတော့ ကြုံရစမြဲပါပဲ .. ဒါကြောင့်လည်း
မီဂျောင်ကို အများခေါ်ဝေါ်ကြတဲ့ နာမည်ကတော့ “စုန်းမ”ပါတဲ့ .. ။
အဲဒီလို မီဂျောင့်အပေါ် စာနာသနားနေမိတဲ့သူကတော့ မီဂျောင်နဲ့အတူ တစ်ကျောင်းတည်းမှာ တက်နေတဲ့
ဒုံဂျင်း (Jinyoung) ဆိုတဲ့ ကျောင်းသားလေးပါ .. ဒုံဂျင်းက မီဂျောင်ဟာ စုန်းမ မဟုတ်ကြောင်းကို
သက်သေပေးချင်ပေမဲ့လည်း နည်းလမ်းကို ရှာမတွေ့တဲ့အတွက် သောကရောက်နေခဲ့ပါတယ် ..
အဲဒီလိုနဲ့ ၁၀ နှစ်ကြာသွားပြီးနောက် ဒုံဂျင်းနဲ့ မီဂျောင်ဟာ ကံကြမ္မာအလား ပြန်ဆုံတွေ့ခဲ့ပါတယ် ..
တစ်ဖက်မှာလည်း မီဂျောင်က သူ့နောက်ကနေ အရိပ်လိုလိုက်နေတဲ့ ကြမ္မာဆိုးကြီးကြောင့် လောကကြီးနဲ့
အဆက်ဖြတ်နေချင်တဲ့စိတ်မျိုး ဖြစ်မိလောက်တဲ့အထိကို ပင်ပန်းနေချိန်မျိုးပါ ..
ဒါကြောင့် ဒုံဂျင်းလည်း အရဲစွန့်ပြီး မီဂျောင့်ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့…
မီဂျောင့်နားကို ကပ်လာတဲ့သူတွေတိုင်း ဒီလိုဖြစ်ရပ်ဆိုးမျိုးကို ကြုံနေရတာက ဘာကြောင့်ဖြစ်မလဲ ..
ဒုံဂျင်းကရော မီဂျောင်က စုန်းမ မဟုတ်ကြောင်းကို အောင်အောင်မြင်မြင် သက်သေပြနိုင်မှာလား ..
တစ်ဦး‌အ‌ပေါ်တစ်ဦး ဖေးမကူညီရင်း ဒုံဂျင်းနဲ့ မီဂျောင်တို့ကြားမှာ အချစ်ပန်းလေးတွေ ဘယ်လိုပွင့်လန်း
လာဦးမလဲဆိုတာကိုတော့  စောင့်ကြည့်ကြစို့နော် .. ။

Post
Jinyoung
Post
Roh Jeong-eui
Post
Lim Jae-hyeok
Post
Jang Hui-ryeong
Post
Jang Hye-jin
Post
Ahn Nae-sang
Post
Kwon Han-sol
Post
Joo Jong-hyuk
Post
Nam Joong-gyu

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top