The Scandal of Chun Hwa (2025)
6.1
Price - 1000Ks
မြန်မာစာတန်းထိုး
Episode 1 - 10
Memory – 7 GB
Runtime : 74 minutes
Video Format : 1080 P
Genres : Drama Series,

Trailer

နန်းတွင်းအချစ်ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် မင်းသမီး Go Ara၊
မင်းသား Chang Ryul နဲ့  SF9အဖွဲ့ဝင် Chani တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့
ဇာတ်လမ်းတွဲသစ်ကလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။
ဇာတ်လမ်းကတော့..
တော်ဝင်မိသားစုရဲ့ အငယ်ဆုံးမင်းသမီးလေးဖြစ်တဲ့ ဟွာရီ (Go Ara) ဟာ အချစ်ဦးနဲ့လွဲခဲ့ရပြီး လက်ထပ်ဖို့
အသက်အရွယ်လည်း‌ရောက်ပြီမလို့ သူမရဲ့အနာဂတ်ခင်ပွန်းလောင်းကို ကိုယ်တိုင်ရွေးချယ်ချင်တာကြောင့်ရော
ကာမရမ္မက်နှိုးကြွစေတဲ့ ချွန်းဟွာပန်းချီကားမှာ သူမရဲ့မျက်နှာကို အဓိကအမျိုးသမီး‌‌ဇာတ်ကောင်အဖြစ်
ထည့်‌ရေးဆွဲခဲ့တဲ့သူကို ရှာချင်တာကြောင့်ရော နန်းတော်ပြင်ပကိုထွက်လာခဲ့ပါတယ်။
ချွဲဟွမ် (Chang Ryul)ကတော့ မြို့တော်ရဲ့အချမ်းသာဆုံး ရုပ်ရည်ချောမောတဲ့ ကုန်သည်လူရှုပ်လေးဖြစ်ပြီး
သူ့မှာ လျှို့ဝှက်ချက်တစ်ခုလည်းရှိနေပါတယ်။
အီဂျန်ဝန်း (Chani) ကတော့ ဂုဏ်ထူးဆောင်မိသားစုရဲ့ အကြီးဆုံးသားဖြစ်တဲ့အပြင် ခန့်ညားပြီး
ဉာဏ်ကောင်းလွန်းတာကြောင့် မျိုးရိုးမြင့်မိသားစုတွေကြားမှာ စံပြသမက်ပုံစံလေးအဖြစ် ရေပန်းစားတဲ့သူလေးပေ့ါ။
ဒါကြောင့် မင်းသမီးလေးဟွာရီက သူမရဲ့ခင်ပွန်းလောင်းကို ဘယ်လိုရွေးချယ်သွားမလဲ။
သူမရဲ့မျက်နှာကို ချွန်းဟွာပန်းချီကားထဲ ထည့်ရေးဆွဲခဲ့တဲ့သူကိုရော ရှာတွေ့သွားမလား။
နန်းတွင်းအချစ်ဇာတ်လမ်းဆိုတဲ့အတိုင်း သခင်လေး ချောချောလေးတွေ အများကြီးပါမှာမလို့
မလွတ်တမ်းကြည့်ရှုလိုက်ကြပါဦးနော်။

(ဒီဇာတ်လမ်းလေးဟာ 19+ အပြောအဆိုတွေများနှင့် ဇာတ်ဝင်ခန်းများ ပါရှိတဲ့အတွက်
အသက်မပြည့်သေးသူများ ကြည့်ရှုရန် မသင့်တော်ပါ။)

Post
Go Ara
Post
Chang Ryul
Post
Kang Chan-hee
Post
Son Woo-hyeon
Post
Han Seung-Yeon
Post
Im Hwa-young
Post
Do Yeon-jin
Post
Bae Yoon-gyu
Post
Kim Taek
Post
Park Won-sang
Post
Park Sun-young
Post
Park Sol-mi

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top