John “Ludwig” Taylor ဆိုတဲ့ ပဟေဠိတွေဖြေရှင်းရတာအရမ်းဝါသနာပါတဲ့
လူတစ်ယောက်မှာ James Taylor လို့ခေါ်တဲ့၊ စုံထောက်မှူးကြီးဖြစ်တဲ့ အမြွှာညီအစ်ကိုတစ်ယောက်ရှိပါတယ်။
တစ်ရက်မှာတော့ James တစ်ယောက် ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒါနဲ့ James ရဲ့ မိန်းမဖြစ်သူ Lucy Betts-Taylor က John ကို ခေါ်ပြီး သူ့ယောက်ျားလိုပုံစံ အယောင်ဆောင်ခိုင်းပါတယ်။
ယောက်ျားဖြစ်သူ ဘာကြောင့်ပျောက်သွားခဲ့ရလဲဆိုတာကို
အမြွှာညီအစ်ကိုဖြစ်သူ John နဲ့ James မိန်းမ Lucy က ရှာပုံတော်ဖွင့်မှာဖြစ်ပါတယ်။
စိတ်ဝင်စားစရာတွေရော ရယ်စရာလေးတွေရော ပါဝင်တာမို့ အရမ်းကို ကြည့်လို့ကောင်းတယ်။