ယခုတစ်ခေါက် CM ပရိသတ်များအတွက် တင်ဆက်ပေးလိုတဲ့
ဇာတ်ကားလေးကတော့ စွန့်စွန့်စားစားအက်ရှင်ကားလေး
တစ်ကားပဲဖြစ်ပါတယ်…
အနုမြူဗုံးပေါက်ကွဲမှုရဲ့နောက်ဆက်တွဲဖြစ်လာတဲ့ ကမ္ဘာပျက်
ကပ်ဘေးကို ရင်ဆိုင်ကြဖို့ပြင်ဆင်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေ
အကြောင်း ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး တတိယကမ္ဘာစစ်
ဖြစ်ပေါ်ချိန်ကာလကို ဟောကိန်းထုတ်ကြည့်ဖို့ ကြိုးစားထားတဲ့
ရုပ်ရှင်ကားလေးတစ်ကား ဖြစ်တယ်ဆိုရင်လည်း မလွဲနိုင်ပါဘူး
အစာရေစာပြတ်လပ်ရှားပါးမှုတွေ၊ ကူကယ်ရာမဲ့နေတဲ့ဒုက္ခသည်တွေ၊
အဖောက်ထွင်းခံနေရတဲ့ ကုန်တိုက်တွေ၊ ရှေ့ဆက်မတိုးနိုင်လောက်အောင်
ပိတ်နေတဲ့ယာဉ်တန်းတွေ စတဲ့ ရုတ်ရုတ်သဲသဲအခြေအနေတွေကို
စိတ်လှုပ်ရှားဖွယ်တင်ဆက်ပြသထားပြီး သဘာဝတရားကိုချစ်ကြဖို့
ငြိမ်းချမ်းရေးကို အချိန်မီထိန်းသိမ်းနိုင်ဖို့လည်း သတင်းစကားတစ်ခု
အနေနဲ့ ပုံဖော်ဖန်တီးထားတယ်လို့လည်း ဆိုနိုင်ပါတယ်…
Ian Ross တစ်ယောက်ဟာ ကမ္ဘာပျက်မယ့်ဘေးအတွက်ကို ရိက္ခာတွေ
သိုလှောင်ရင်း လိုအပ်တာတွေစုဆောင်းကာ ကြိုတင်ပြင်ဆင်ထားသူ
တစ်ယောက်ဖြစ်ပါတယ်