ဒီတစ်ခါမှာ CM ကနေဟာသဇာတ်လမ်းတိုတစ်ပုဒ်လေးနဲ့မိတ်ဆက်ချင်ပါတယ်။
လျိုကန့်ရှန်းလို့ခေါ်တဲ့လူကတော့ရပ်ကွက်ထဲမှာ အသံကောင်းဟစ်နိုင်ဆုံးဖြစ်ပြီး
တကယ်တမ်းမှာအဖြစ်မရှိတာကြောင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသူ့ကို
ဆန်ကုန်မြေလေးကိုခေါ်ကြတာပေါ့။သူ့မှာ သူအရမ်းချစ်ရတဲ့ဇနီးတစ်ယောက်ရှိပြီး
အဲ့ဇနီးကရင်သားကင်ဆာကြောင့်ဆုံးပါးသွားခဲ့တယ်။
ဇနီးသည်ဆုံးပါးသွားတာတောင်မှ ဘာလုပ်ရမှန်းမသိ
ဘာမှမလုပ်တတ်တဲ့လျိုကန့်ရှန်းတစ်ယောက်
အကြွားလုံးတစက်မှမရှိပဲ ဇနီးသည်နဲ့အတူဖွင့်ထားတဲ့
ကန့်ရှန်းလက်ရာဆံပင်ညှပ်ဆိုင်ကိုပြန်သွားခဲ့တာပေါ့။
ဒါပေမဲ့ဘာမှမလုပ်တတ်တဲ့အပြင် ဇနီးသည်ရှိစဉ်တုန်းကတချက်မှဝင်မကူပေးခဲ့တဲ့
လျိုကန့်ရှန်းတစ်ယောက်ပြဿနာတွေနဲ့ရင်ဆိုင်ရတော့ပါတယ်။
ဆိုင်ဌားခမပေးနိုင်လို့ အကြွေးတင်နေရပြီး ဇနီးသည်ရှိစဉ်ကပူးပေါင်းခဲ့တဲ့
ဆံပင်ထုတ်ကုန်ကုမ္ပဏီနဲ့လည်း စာချုပ်ဖောက်ဖျက်မှုကြောင့်
လျော်ကြေးပေးရတာတွေ ရင်ဆိုင်ရတဲ့အပြင် ဇနီးသည်ကဓါတ်ကင်ဖို့
ပိုက်ဆံမရှိတာကြောင့် အိမ်ကိုပါအပေါင်ထားခဲ့တာတွေပါ
ဆက်တိုက်ကြုံတွေ့ခဲ့ရပါတော့တယ်။ဒီလိုနဲ့တနေ့မှာတော့
အလှဆုံးဆံပင်ညှပ်ဆိုင်ပြိုင်ပွဲရွေးချယ်ပွဲကြီးကိုကျင်းပပြီးတော့ သူ့
ဆံပင်ညှပ်ဆိုင်ဖြစ်တဲ့ကန့်ရှန်းဆံပင်ညှပ်ဆိုင်လည်း ရွေးချယ်ပွဲထဲပါဝင်ခဲ့တာပေါ့။
ဒါပေမဲ့လည်း ကတ်ကြေးတောင်မကိုင်ရဲတဲ့လျိုကန့်ရှန်းတစ်ယောက်က
သူအရင်ကြွားထားတဲ့ ဆံပင်ညှပ်ဆရာရဲ့ခေါင်းဆောင်ဆိုတဲ့ကြွားလုံးနဲ့
ပိတ်မိပြီးအဲ့ရွေးချယ်ပွဲမှာ ဆိုင်ကိုယ်စားပြုဝင်ပြိုင်ဖို့ရာအကြောင်းဖန်လာပါတော့တယ်

Post
Zhou Yunpeng
Post
E Jingwen
Post
Han Bing
Post
Fan Tiantian
Post
Liu Yidan
Post
Zhang Quandan

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top