ငယ်စဉ်က ဖြစ်ရပ်ဆိုးကြောင့် လျောင်ညီအစ်ကိုဟာ သေကွဲနဲ့ ကွဲကွာခဲ့ရတယ်။
မီးလောင်မှုကြီးကြောင့် ညီအစ်ကိုတွေ ကွဲကွာခဲ့ရသလို အခြေအနေတစ်ခုကြောင့်
ဆန့်ကျင်ဘက်တွေ ဖြစ်လာကြတယ်။
ကိုယ်ကျိူးကြောင့် အမှောင်ဘက်ကို ရောက်သွားမလား
အမှန်တရားနောက်ကို လိုက်ရင်းနဲ့ အလင်းထဲကို ရောက်လာမလား။
တစ်ခါက နာမည်ကြီးတဲ့ AH7 ဆိုတဲ့ ဆေးတစ်မျိုးက လောကကြီးထဲကို ပြန်ရောက်လာတဲ့အခါ
လျောင်ညီအစ်ကိုတွေ ဘယ်လိုဖြစ်သွားမလဲ။
အမှုပြန်စစ်ချင်တဲ့ မီးလောင်မှုကရော ပြန်စစ်ဆေးနိုင်မလား
ဒီဇာတ်ကားကိုတော့ အားလုံးနဲ့ ရင်းနှီးနေမယ့် Once We Get Married, The Love You Give Me နဲ့အတူ
နာမည်ကြီးလာတဲ့ Wang Ziyi၊ Begin Again နဲ့ လူသိများလာတဲ့ Sunny Sun တိုက ပါဝင်ထားပါတယ်