Project: Xandata” ဆိုတဲ့ သေနတ်ပစ်ဂိမ်းကို ကစားကြတဲ့ professional esports team တစ်ခုဖြစ်တဲ့ Team Isla မှာ သူတိုရဲ့ ကစားသမားတစ်ယောက်က အဖွဲ့ထဲကထွက်ပြီး ပြိုင်ဘက် ကိုရီးယားအသင်းကို ဝင်သွားခဲ့တယ်။
အဲဒါနဲ့ Team Isla ရဲ့ မန်နေဂျာဖြစ်တဲ့ Sonya က ထွက်သွားတဲ့ player ကို အစားထိုးဖို့ လူတွေကို လိုက်ရှာရင်း Team Isla အဖွဲ့သားနှစ်ယောက်ကို အပျော်တမ်းဂိမ်းမှာနိုင်သွားတဲ့ player တစ်ယောက်ပေါ်လာခဲ့တယ်။
အဲဒီ အွန်လိုင်းပေါ်က player က အင်တာနက်ကဖေးဆိုင်မှာ အလုပ်လုပ်နေတဲ့ ဆင်းရဲသားမိန်းကလေး Hazel Sales ဖြစ်ပြီး Sonya က Hazel ရဲ့ အရည်အချင်းကိုသဘောကျပြီး Team Isla အဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းခဲ့တယ်။