Sorry Not Sorry (2024)
7.6
Price - 1000Ks
မြန်မာစာတန်းထိုး
Episode 1 - 12
Memory – 12 GB
Runtime : null minutes
Video Format : 1080 p
Genres : Comedy Series, Drama Series,

Trailer

အများနည်းတူ သာယာပျော်ရွှင်ဖွယ်ဘဝမှာ သုခခံစားရင်း ဘဝကို ဖြတ်သန်းချင်ပေမဲ့
ဒုက္ခပင်လယ်ထဲ လက်ပစ်ကူးနေရတဲ့ ဂျီဆောင်းအီဇာတ်ကြောင်း…
ဆောင်းအီဟာ ဘဝကိုတစ်ကနေ ပြန်စမယ်လို့ စိတ်ကူးပြီး ပျော်ရွှင်ချင်လို့ အိမ်ထောင်ပြုဖို့ စီစဉ်ခါမှ
ပွဲပျက်သွားပြီး အသစ်ငှားရမ်းထားတဲ့ မင်္ဂလာဦးအိမ်ရဲ့အကြွေးတွေကို ဆပ်ဖို့အတွက် အချိန်ပိုင်းအလုပ်တွေလုပ်ပြီး
ငွေကြေးကိစ္စတွေကို ရုန်းကန်ဖြေရှင်းရပါတော့တယ်…ပတ်ဝန်းကျင်အသစ်ကို ပြောင်းရွှေ့လာတဲ့ သူမဟာ
လူအများအမြင်မှာ တင့်တယ်အောင် ပျော်ရွှင်နေတဲ့ အိမ်ထောင်ရှင်ကလေးအမေအဖြစ်လည်း မျက်နှာဖုံးတပ်ရင်း
ဘဝကို သူ့စိတ်ကူးအိပ်မက်ရဲ့ဆန့်ကျင်ဘက်အဖြစ်နဲ့ ရှင်သန်နေရသူပါ…
ဆောင်းအီတစ်ယောက် ပြောင်းရွေ့လာတဲ့နေရာအသစ်မှာ ဒုက္ခပင်လယ်ဝယ်နေရတယ်ဆိုသော်ငြားလည်း
အမျိုးသမီးတွေနဲ့ ပတ်သက်လာရင် ဒေါသကြီး အမျက်ထွက်တတ်တဲ့ ကျောင်းဆရာ ချာယန်းဝူနဲ့ တွေ့ဆုံခဲ့ရတဲ့အပြင်…
ဆောင်းအီရဲ့ဗြောင်းဆန်နေတဲ့ ဘဝကို နားလည်ခံစားပေးတဲ့ ကော်ဖီဆိုင်ပိုင်ရှင်လူငယ်လေး ဂင်ဂျီယွန်းနဲ့ တွေ့ဆုံခဲ့ခဲ့ရပါတယ်…
မုန်တိုင်းထန်နေတဲ့ ဆောင်းအီဘဝထဲကို လေပြင်းနဲ့ လေပြေညှင်းသဖွယ် ဝင်ရောက်လာတဲ့ အမျိုးသားနှစ်ယောက်နဲ့
ဆောင်းအီတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ…မုဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့စကားအတိုင်း
မပြီးပြတ်နိုင်တဲ့ ဒုက္ခအခက်အခဲတွေကို ကြုံနေရတဲ့ ဆောင်းအီဘဝကရော…
အဆုံးသတ်မှာ သူမျှော်လင့်တောင့်တနေတဲ့ ပျော်ရွှင်ဖွယ်ရာဘဝကို ပိုင်ဆိုင်သွားမလားဆိုတာ…
အပတ်စဉ် ကြာသပတေးနေ့ CM မှတစ်ဆင့် ကြည့်ရှုရမှာဖြစ်ပါတယ်ရှင်…
ဂျီဆောင်းအီအဖြစ် မင်းသမီး Jeong So Min ၊ ချာယန်းဝူအဖြစ် မင်းသား Choi Daniel ၊
ဂင်ဂျီယွန်းအဖြစ် မင်းသား Kim Min Jun တို့အပြင် ပရိသတ်ကြီးနဲ့မစိမ်းတဲ့
အခြားသောအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်…

Post
Jeon So-min
Post
Gong Min-jeung
Post
Jang Hui-ryeong
Post
Choi Daniel
Post
Kim Moo-joon

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top