The Åre Murders (2025)
6.7
Price - 500Ks
မြန်မာစာတန်းထိုး
Episode 1 - 5
Memory – 2 GB
Runtime : 45 minutes
Video Format : 1080 P
Genres : Drama Series, Crime Series, Mystery Series,

Trailer

ရှားလော့ဟုမ်းတို့ စုံထောက်ကြီးဦးစံရှားတို့လို စုံထောက်
ဇာတ်လမ်းတွေကိုမှကြိုက်နှစ်သက်သူတွေအတွက် အသစ်
ထွက်ရှိလာတဲ့ ဆွီဒင်မှုခင်း Series ကောင်းလေးတစ်ခုကို
မိတ်ဆက်ပေးလိုက်ချင်ပါတယ်။
နာမည်လေးကတော့ The Åre Murders ဖြစ်ပြီး IMDb မှာ
Rating 6.7 အထိရရှိထားပြီး လက်ရှိ Netflix မှာ အတော်
ရေပန်းစားနေတဲ့ Series လေးတစ်ခုဖြစ်ပါတယ်။
Season 1 မှာ အပိုင်း ၅ ပိုင်းတည်းပါ၀င်သေးပေမဲ့ ၅ ပိုင်းလုံးက
စိတ်ဝင်စားစရာကောင်းပြီး စိတ်ကိုဆွဲဆောင်ထားနိုင်မှာတော့
အသေအချာပါပဲ။
ဒီ Series ကစိတ်ဝင်စားစရာကောင်းလား မကောင်းလားဆိုရင်
နာမည်ကိုကြည့်လိုက်တာနဲ့တင် ကိုယ့်မျက်လုံးကိုယ် ၂ ခါပြန်
မေးရမလိုဖြစ်နေပါပြီ။အမှန်က The Åre Murders ဆိုတာက
အော်ရဲဆိုတဲ့ကျေးလက်တောရွာလေးတစ်ခုမှာဖြစ်တဲ့ လူသတ်မှုတွေ
အကြောင်းကိုရိုက်ထားတာဖြစ်တဲ့အတွက် အဲ့လိုနာမည်ပေးထားတာ
ဖြစ်ပါတယ်။အဲ့ဒီအော်ရဲဆိုတဲ့ရွာလေးကို ယောက်ျားနဲ့ပြဿနာတက်ပြီး
အိမ်ပေါ်ကနှင်ချခံလိုက်ရလို့ အစ်မအိမ်ကိုဆင်းလာတဲ့သူကတော့
အဓိကမင်းသမီး ဟာနာပဲဖြစ်ပါတယ်။သူကစတော့ဟုမ်း အိမ်တွင်း
အကြမ်းဖက်မှုဌာနမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ရဲတစ်ယောက်ဖြစ်ပြီး
သူ့ဘ၀မှာဖြစ်နေတဲ့ပြဿနာတွေရှင်းသွားအောင် ခဏတာခေါင်းဆေးဖို့
လည်း ခွင့်ယူပြီးလာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူရောက်တဲ့ညမှာတင်ပဲ
အဲ့ဒီရွာက ကောင်မလေးတစ်ယောက်ပျောက်ဆုံးသွားခဲ့တဲ့အတွက်
ပရဟိတလိုက်လံရှာဖွေပေးရင်းနဲ့မှ ခွင့်ယူထားတာလည်း ဂရုစိုက်မနေ
တော့ဘဲ အော်ရဲ ရဲဌာနမှာခဏတာ တာဝန်ထမ်းဆောင်ရင်းနဲ့ နာမည်အတိုင်း
အော်ရဲမှာဖြစ်မဲ့လူသတ်မှုတွေကိုဖြေရှင်းသွားမဲ့ စိတ်ဝင်စားစရာ
မှုခင်းစုံထောက် Series ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။
 

Post
Carla Sehn
Post
Kardo Razzazi
Post
Charlie Gustafsson
Post
Francisco Sobrado

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top