Scott Adkins ရဲ့ ဇာတ်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Scott Adkins ဟာဆိုရင် တခြားနာမည်ကျော် Action movie တွေဖြစ်တဲ့
John Wick: Chapter 4, IP Man 4 စတဲ့ ဇာတ်ကားတွေမှာလည်း
ပါဝင်သရုပ်ဆောင်ဖူးပြီးတော့ အခုတစ်ခါမှာလည်း အက်ရှင်အကြမ်းစားတွေ
ပါဝင်တဲ့ ဇာတ်ကားသစ်တစ်ကား ထပ်ထွက်လာပါတယ်။
သူနဲ့အတူ တခြားသရုပ်ဆောင်တွေအနေနဲ့ Jack Parr, Madalina Bellariu Ion
တို့က ပါဝင်အားဖြည့်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ကြေးစားစနိုက်ပါလူသတ်သမား
တစ်ယောက်ဟာ ကြေးစားဘဝကနေ အငြိမ်းစားယူဖို့အတွက် နောက်ဆုံး
မစ်ရှင်တစ်ခုကို လုပ်နေတုန်းမှာ မထင်မှတ်ထားတဲ့အရာတွေဖြစ်သွားပြီးတော့
အန္တရာယ်တောထဲကနေ ရုန်းထွက်ပုံကို စိတ်လှုပ်ရှားစွာ ကြည့်ရှုကြရမှာပါ။
Action Scene တွေက ကြည့်လို့ကောင်းပြီးတော့ Plot twist တွေနဲ့အတူ
ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးထားပါတယ်။
IMDb မှာလည်း Rating အသင့်အတင့်ရထားတာကြောင့် Action Genre ကို
ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ သဘောကျလောက်မယ့် ဇာတ်ကားတစ်ကား
ဖြစ်ပါတယ်။
 

Post
Scott Adkins
Post
Alice Eve
Post
Jack Parr
Post
Billy Clements
Post
Mădălina Bellariu Ion
Post
Renars Latkovskis
Post
Nik Goldman
Post
Alba De Torrebruna
Post
Ada Michaels-Mason

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top