အိုင်လာနဲ့ ပါလိုတို့ဟာ ကောလိပ်မှာတွေ့ဆုံချစ်ကျွမ်းဝင်ခဲ့သူတွေဖြစ်ပြီး မမျှော်လင့်ပဲ ကိုယ်ဝန်ရချိန်မှာ မိသားစုတွေကို ဆန့်ကျင်ပြီး အတူတူနေထိုင်ဖို့ကျောင်းထွက်
လိုက်ကြပါတယ်။
နောက်လေးနှစ်အကြာမှာတော့ သူတို့ရဲ့သားလေး ကာလီဟာ အော်တစ်ဇင်ကလေးငယ်တစ်ယောက်ဖြစ်ကြောင်း မမျှော်လင့်ပဲသိခဲ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့သားအတွက် အကောင်းဆုံးပေးဆပ်ဖြည့်ဆည်းဖို့ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်ကြပေမယ့် ကလေးရဲ့ကျောင်းစရိတ်၊ကုထုံးဆရာတွေ၊
အထူးကုတွေရဲ့စရိတ်တွေဟာ ပညာရေးတစ်ပိုင်းတစ်နဲ့ကျောင်းထွက်လာကြတဲ့သူတို့နှစ်ယောက်အတွက် လုပ်လေမြုပ်လေဖြစ်လာခဲ့ရပါတယ်။
“Love Child” ဟာပညာပေးကားလို့ပြောလို့ရပေမယ့် အော်တစ်ဇင်ကလေးငယ်တစ်ယောက်ရဲ့မိဘတွေရင်ဆိုင်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို
ရိုးသားပွင့်လင်းစွာတင်ဆက်ထားတဲ့ဇာတ်ကားဖြစ်ပါတယ်။
ကလေးနဲ့မိဘတွေကြား၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားနေ့စဉ်ရင်ဆိုင်ကြုံတွေ့ရတဲ့ ဆက်ဆံပြောဆိုမှု၊ ရင်ဆိုင်ရတဲ့ဒုက္ခသုခတွေကို
အားကောင်းတဲ့သရုပ်ဆောင်မှုတွေ၊ ပြေပြစ်တဲ့ဇာတ်လမ်းတင်ဆက်ပုံနဲ့ပျင်းစရာလုံး၀ မကောင်းပဲ တစ်ထိုင်တည်းမျောပါသွားစေမယ့် ဒရာမာကားကောင်းတစ်ကားပါ။

Post
Isabelle Carré
Post
Patrick Bruel
Post
Laurent Stocker
Post
Alice de Lencquesaing
Post
Thomas Solivérès
Post
Carole Franck
Post
Satya Dusaugey
Post
Mélanie Robert
Post
Louise Coldefy
Post
Kim Levy

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top