စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင်လုပ်ဖို့ဆိုတာသိပ်တော့လွယ်တဲ့အလုပ်မဟုတ်ပါဘူး။
Imitation Game ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် Alan Turing စကားကိုပြန်ပြောပါရစေ
“You know why people like violence? Because it’s feel good’’လူတော်တော်များများက စစ်ပွဲနောက်ခံရုပ်ရှင်တွေဆို တိုက်ပွဲခပ်ကြီးကြီး လူသေအလောင်းတွေခပ်များများပါမှ သဘောကျတတ်တာများပါတယ်။တကယ်တော့စစ်ဆိုတာ ရုပ်ရှင်ကြည့်လို့ စာအုပ်ဖတ်လို့ စကားအဖြစ်ပြောလို့ပဲကောင်းတာရယ်။တကယ်တမ်းစစ်ဆိုတာဖြစ်လာရင်နိုင်တဲ့ဘက်ရော ရှုံးတဲ့ဘက်ရော ကြားနေတဲ့အဖွဲ့ရော အကုန်ထိခိုက်ရတာပဲမဟုတ်လား။
Christopher Nolan ကို ရုပ်ရှင်အကြောင်းသာမန်တီးမိခေါက်မိတဲ့ သူတွေတောင်သိပါလိမ့် မယ်။21 st century ရဲ့ အကောင်းဆုံး Director အဖြစ်စာရင်းပေါက်တဲ့ အပြင် သမိုင်းတစ်လျောက်အကျိုးအမြတ်အများဆုံး ရရှိဖူးတဲ့ Director တွေထဲကတစ်ယောက်ပါ။သူ့ကိုတော်တော်များများက နာမည်ကျော် Superhero Batman ရုပ်ရှင် The Dark Knight Trilogy နဲ့တွဲသိကြမယ်ထင်ပါတယ်။ ရိုက်ခဲ့သမျှရုပ်ရှင်အားလုံးနီးပါး IMDB rating 8/10 ကျော်တဲ့ထဲပါပါတယ်။သူရိုက်ခဲ့ရုပ်ရှင်တွေက Sci-fi,Thriller,superhero,etc… Genre တော်တော်စုံခဲ့ပြီပြောလို့ရပါတယ်။Dunkirk ကတော့သူ့ရဲ့ပထမဆုံး စစ်ပွဲနောက်ခံ ရုပ်ရှင်ပါ။
Dunkirk ဆိုတာ ပြင်သစ်မှာရှိတဲ့ကမ်းခြေတစ်ခုပါ။ဒုတိယကမ္ဘာစစ်အစပိုင်းမှာ ဟစ်တလာရဲ့ ဂျာမနီ တပ်တွေဟာပြင်သစ်နဲ အင်္ဂလိပ်တပ်တွေကို Dunkirk ကမ်းခြေမှာချောင်ပိတ်ထားနိုင်ခဲ့ပါတယ်။ ရေလက်ကြားခံပြီး ကယ်စရာသင်္ဘော မရှိတာကြောင့် မဟာမိတ်စစ်သား 400000 လောက်ဟာ ကူရာကယ်ရာမယ့်နေတဲ့အခြေအနေပါ။အဲ့လိုအခြေအနေကို ဗြိတိန်ဘက်ကမ်းက ရှိသမျှ အရပ်သား ငါးဖမ်းသင်္ဘောတွေ၊အသက်ကယ်လှေတွေ၊ ရွက်လှေတွေ ပါသုံးပြီ;စစ်သား လေးသိန်းနီးပါးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။တကယ်လို့သာ Dunkirk မှာဒီတပ်တွေ အကုန်ကုန်သွားရင် သမိုင်းဟာနောက်တစ်မျိုးပြောင်းလဲသွားစရာရှိပါတယ်၊မျှော်လင့်ချက်မဲ့နေတဲ့ အနေအထားကနေ မယုံနိုင်စရာကောင်းလောက်အောင်အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တာဟာ ဗြိတိန်တပ်တွေရဲ့စိတ်ဓာတ်ပိုင်းကိုအများကြီးသက်ရောက်ခဲ့ပါတယ်။ဗြိတိန်တပ်တွေကိုကယ်ထုတ်နေချိန်မှာ ပြင်သစ်တပ်တွေဟာ အင်္ဂလိပ်တွေ ကယ်ထုတ်ဖို့အချိန်ပိုရအောင်သူတို့အတွက် လွတ်ဖို့မျှော်လင့်ချက်မရှိတဲ့ တိုက်ပွဲကိုတိုက်ပေးခဲ့ပါတယ်။Dunkirk ရဲ့ကံကောင်းမှုတစ်ခုက ဟစ်တလာ ရဲ့ ရူးကြောင်ကြောင်ဆုံးဖြတ်ချက်ပါ ။

Post
Fionn Whitehead
Post
Tom Hardy
Post
Mark Rylance
Post
Kenneth Branagh
Post
Cillian Murphy
Post
Barry Keoghan
Post
Harry Styles
Post
Aneurin Barnard
Post
Damien Bonnard
Post
Lee Armstrong
Post
James Bloor
Post
Tom Glynn-Carney
Post
Jack Lowden
Post
Luke Thompson
Post
Michel Biel
Post
Constantin Balsan
Post
Billy Howle
Post
Mikey Collins
Post
Callum Blake
Post
Dean Ridge
Post
Bobby Lockwood
Post
Will Attenborough
Post
Tom Nolan
Post
James D'Arcy
Post
Matthew Marsh
Post
Adam Long
Post
Miranda Nolan
Post
Bradley Hall
Post
Jack Cutmore-Scott
Post
Brett Lorenzini
Post
Michael Fox
Post
Brian Vernel
Post
Elliott Tittensor
Post
Kevin Guthrie
Post
Harry Richardson
Post
Jochum ten Haaf
Post
Johnny Gibbon
Post
Richard Sanderson
Post
Kim Hartman
Post
Calam Lynch
Post
Charley Palmer Rothwell
Post
Tom Gill
Post
John Nolan
Post
Bill Milner
Post
Jack Riddiford
Post
Harry Collett
Post
Eric Richard
Post
Michael Caine
Post
Johnny Otto
Post
Nick Howden-Steenstra

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top