TV show မှာ ပြီးပြည့်စုံတဲ့ ဇနီးနဲ့ မိခင်တစ်ယောက်အနေနဲ့ အချိန်အကြာကြီး လူသိများခဲ့တဲ့ သရုပ်ဆောင်မင်းသမီး Abby က အားလပ်ရက်မတိုင်ခင်မှာပဲ
သူ့ရဲ့အရင်ခင်ပွန်းဟောင်း သရုပ်ဆောင်အမျိုးသားက နောက်အိမ်ထောင်ပြုတော့မယ်ဆိုတာ သိလိုက်ရတယ်။
မထင်မှတ်ထားတဲ့သတင်းကြောင့် စိတ်ညစ်နေတဲ့ Abby က အပေါက်ဆိုးတဲ့ စတိုးဆိုင်ပိုင်ရှင်တစ်ယောက်ကို မရည်ရွယ်ဘဲ အော်လိုက်မိပြီး
အဲဒီဗီဒီယိုက အွန်လိုင်းပေါ်မှာ ပြန့်သွားလေရဲ့။
ပြန့်သွားတဲ့ ဗီဒီယိုကြောင့် နာမည်ပျက်ကိန်းကြုံနေတဲ့ သရုပ်ဆောင်မင်းသမီး Abby က ခရစ္စမတ်ပိတ်ရက်အတွင်း Vermont ဆိုတဲ့မြို့လေးမှာ
သတင်းသမားတွေကိုပုန်းပြီး လူမသိသူမသိနေရင်း အနားယူဖို ခရီးထွက်လာခဲ့တယ်။
ဒါပေမဲ့ သူတည်းဖို့ပြင်ခဲ့တဲ့ ကြယ်ငါးပွင့်အဆင့်မြင့်ဟိုတယ်က ဘိုကင်ပြည့်နေခဲ့ပြီး မြို့ရဲ့ တည်းခိုခန်းအသေးလေးမှာ မထင်မှတ်ဘဲ
တည်းလိုက်ရတဲ့အဖြစ်ကို ကြုံပြန်လေရဲ့။
တည်းခိုခန်းပိုင်ရှင် Nick က သိပ္ပံဆရာအဖြစ် အချိန်ပိုင်းလုပ်နေတဲ့ သမီးလေးတစ်ယောက်ရှိတဲ့ မုဆိုးဖိုဖြစ်ပြီး Abby က Nick ဦးစီးနေတဲ့ ခရစ္စမတ် ကလေးပြဇာတ်ကို
ကူညီရာကနေ သူတိုနှစ်ဦးကြားက သံယောဇဥ်တွေ ဘယ်လိုတွယ်လာမလဲဆိုတာကိုတော့ ဒီခရစ္စမတ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီ။

Post
Brooke D'Orsay
Post
John Brotherton
Post
Adam Hurtig
Post
Jacob Blair
Post
Isla Verot
Post
Verity Marks
Post
Amanda Austin
Post
Melissa Murray-Mutch
Post
Dan De Jaeger
Post
Lois Brothers
Post
Dutchess Cayetano

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top