ဒီရုပ်ရှင်ကတော့ 2024 ရဲ့ထိပ်တန်းစာရင်းဝင် (၁၀) ကားထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး Golden Globe မှာလည်း ဆုတွေ တစ်သီကြီးရရှိထားပါတယ်။
Now You See Me, Social Network တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Jesse Eisenberg ပါဝင်သရုပ်ဆောင်ထားပြီး ဆုရမင်းသား Kieran Culkin က ဦးဆောင်ထားပါတယ်။
ဇာတ်လမ်းက ပိုလန်နဲ့ အမေရိကန် ရုပ်ရှင်ကုမ္ပဏီ ပူးပေါင်းရိုက်ကူးတာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်က နာဇီဂျူးတပ်စခန်းမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေရဲ့ မျိုးဆက်တွေဖြစ်လာတဲ့
ကမ္ဘာအနှံ့က ဂျူးမျိူးနွယ်ဝင် လူတစ်စုက သူတို့ဘိုးဘေးတွေရဲ့သမိုင်းကြောင်းခြေရာပြန်ကောက်ဖို့ ပိုလန်ကိုခရီးထွက်ခဲ့ကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။
ဒီထဲမှာ ဂျူး-အမေရိကန် တွေဖြစ်တဲ့ ဒေးဗစ်နဲ့ ဘန်ဂျီတို့ ဝမ်းကွဲညီအစ်ကိုကလည်း သူ့အဖွားနေခဲ့တဲ့ ပိုလန်ကအိမ်နဲ့ ဂျူးတွေရဲ့သမိုင်းကိုလေ့လာဖို့ ခရီးထွက်ရင်း ဇာတ်လမ်းလေးစတင်ထားပါတယ်။
လူတွေနဲ့သိပ်အပေါင်းအသင်းမရှိဘဲ Introvert ဆန်ဆန်နေတတ်တဲ့ ဒေးဗစ်နဲ့ ဆေးကွဲပြီး တွေ့ရာလူကို လိုက်ကြပ်နေတဲ့ဘန်ဂျီတို့ ၂ ယောက် ဒီခရီးစဉ်မှာ ဘယ်လိုအမှတ်တရတွေဖန်တီးသွားမလဲ ကြည့်လိုက်ကြပါဦး။

Post
Jesse Eisenberg
Post
Kieran Culkin
Post
Will Sharpe
Post
Jennifer Grey
Post
Kurt Egyiawan
Post
Liza Sadovy
Post
Daniel Oreskes
Post
Ellora Torchia
Post
Banner Eisenberg
Post
Olha Bosova
Post
Jakub Gąsowski
Post
Piotr Czarniecki
Post
Krzysztof Jaszczak
Post
Marek Kasprzyk
Post
Jakub Pruski

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top