အနာဂတ်ကိုပါပြောင်းလဲပြင်ဆင်လိုမရပါဘူး။
မိသားစုဝင်တွေနဲ့ရော သူငယ်ချင်းတွေနဲ့ပါအဆက်အသွယ်ဖြတ်ပြီး
အလုပ်တွေပဲဖိလုပ်နေတဲ့ ရှေ့နေမလေးလူစီကတော့ ၂၀၂၄
ခရစ္စမတ်မှာ အတိတ်ကိုပြင်ဆင်ပြီး အနာဂတ်ကိုပြောင်းလဲဖို
အခွင့်အရေးတစ်ခုရခဲ့ပါတယ်။
ထူးဆန်းတဲ့တက္ကစီတစီးကြောင့် လူစီဟာ ဘဝရဲ့အရေးပါတဲ့
အချိုးအကွေ့တွေဖြစ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ခရစ္စမတ်ကို ပြန်ရောက်
သွားခဲ့ပါတယ်။ ဖခင်ဆုံးပါးပြီးခါစ ပူဆွေးသောကရောက်နေတဲ့
မိသားစုကို သူလုပ်ခဲ့ဖူးသလို ထပ်ချန်ထားခဲ့ဦးမှာလား ဒါမှမဟုတ်
မိသားစုဝင်တွေကိုဖေးမကူညီပေးသွားမှာလား။
သူငယ်ချင်းမတ်တီကို ခံစားချက်တွေဖွင့်မပြောဘဲ နေရာသစ်
တစ်ခုကိုတစ်ကိုယ်တည်းပြောင်းရွှေ့လာဦးမှာလား ဒါမှမဟုတ်
မတ်တီနဲ့ချစ်သူတွေဖြစ်ပြီး ကျောင်းအတူတူတက်ကြမှာလား။
အချစ်ဆုံးသူငယ်ချင်းနေဒင်းနဲ့သူစိမ်းတွေဖြစ်လာဦးမှာလား
ဒါမှမဟုတ် တစ်သက်လုံးအချစ်ဆုံးသူငယ်ချင်းတွေ
ဖြစ်နေကြမှာလား။