သေခြင်းတရားဆိုတာဟာ မွေးဖွားချိန်ကစပြီး…ဘယ်အချိန်ဘယ်တော့ဘယ်လိုနည်းနဲ့ဆိုတာ မသိပေမဲ့
တစ်နေ့ကြုံကိုကြုံရမယ့်အရာဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့လည်း တကယ်သေခြင်းတရားနဲ့ …
နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ လူတိုင်းကြောက်ရွံ့တုန်လှုပ်ကြပါတယ်။ အဲဒီမှာ…
ကိုယ်ရင်ဆိုင်ရတဲ့ သေခြင်းတရားက သဘာဝတရားကြောင့်မဟုတ်ဘဲ တစ်စုံတစ်ဦးရဲ့ပယောဂကြောင့်ဆိုရင်ရော…
ရဲမှူးဝက်ဆန်ဟာ ဖျားနာနေတဲ့လူနာတွေရဲ့ သေဆုံးမှုနှုန်းတွေ ထူးထူးဆန်းဆန်း မြင့်တက်လာမှုကို စုံစမ်းနေတဲ့သူပါ။
တစ်နေ့မှာတော့ သူ့အမေကိုယ်တိုင်ပါ သူနဲ့မတွေ့လိုက်ရဘဲ ဆုံးပါးသွားပြီး…သူ့အမေသေဆုံးမှုက သူလိုက်နေတဲ့…
ကွင်းဆက်သေဆုံးမှုတွေထဲ ပါဝင်နေနိုင်တာကို သိလိုက်ရတဲ့အခါ…စုံစမ်းမှုတွေပြုလုပ်ဖို့အတွက် သူ့အမေ မဆုံးပါးခင်…
ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဆရာဝန်ကန်သဖက်နားကို ချဉ်းကပ်ပြီး ရင်းနှီးအောင်နေထိုင်ပါတော့တယ်…
အဲဒီလိုနဲ့ ရင်းနှီးလာရာက ဆရာဝန်ကန်အပေါ် ခံစားချက်တွေတိုးလာပေမဲ့ တစ်ဖက်မှာလည်း အမှုနဲ့ပတ်သက်ပြီး…
စုံစမ်းရတဲ့သက်သေတွေက ဆရာဝန်ကန်နဲ့ ပတ်သက်မှုရှိနေတယ်ဆိုတာကို ညွှန်ပြနေတဲ့အခါ…
ရဲမှူးဝက်ဆန်တစ်ယောက် ကိုယ်ရေးကိုယ်တာနဲ့ လုပ်ငန်းတာဝန်ကြား ဘယ်လိုဗျာများရမလဲ…
ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကို “Spare Me Your Mercy” ဇာတ်လမ်းတွဲမှာ…