Laid (2024)
6.8
Price - 800Ks
မြန်မာစာတန်းထိုး
Episode 1 - 8
Memory – 4 GB
Runtime : 33 minutes
Video Format : 1080 P
Genres : Comedy Series, Drama Series,

Trailer

Everything Everywhere All at Once ရုပ်ရှင်ဇာတ်ကားနဲ့ လူသိများလာတဲ့ မင်းသမီး Stephanie Hsu ရဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းနဲ့
series သစ်လေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ Ruby ဟာ အသက် ၃၃နှစ်အရွယ် သာမန်လူလတ်ပိုင်း အမျိုးသမီး
တစ်ယောက်ဖြစ်ပြီး သူနဲ့အတည်တကျဖြစ်နိုင်မဲ့ Right person ကို ရှာဖွေနေသူပါ။ သူဟာ ရည်းစားတွေအများကြီး တွဲခဲ့ဖူး dateခဲ့ဖူးပေမဲ့
သူနဲ့ကိုက်ညီမဲ့လူရှာမတွေ့လို့ တွဲလိုက် ပြတ်လိုက် ဒိတ်လိုက်နဲ့ single lifeကို ဖြတ်သန်းနေသူပါ။ ဒီလိုနဲ့တစ်နေ့မှာ သူ့ရဲ့ကောလိပ်တုန်းကရည်းစားဟောင်း ဘရန်ဒန်ဆုံးသွားတယ်ဆိုတဲ့ သတင်းကြောင့် ဘရန်ဒန်ရဲ့ အသုဘကို သွားခဲ့ပါတယ်။ အဲဒီအသုဘကအပြန်မှာတင် ‌ကောလိပ်က သူနဲ့ hook up ခဲ့ဖူးတဲ့ ကောင်လေးဟာလည်း သူ့မျက်စိရှေ့မှာတင် ကားတိုက်ပြီး ဆုံးသွား ပြန်ပါတယ်။ ရည်းစားဟောင်း ၂ယောက် ရှေ့ဆင့်နောက်ဆင့် ဆုံးသွားတာ
တိုက်ဆိုင်မှုလို့ဆိုနိုင်ပေမဲ့ Rubyနဲ့ တွဲခဲ့ပြီး တူတူအိပ်ခဲ့ဖူးတဲ့ယောက်ျားတိုင်းဟာတစ်ယောက်ပြီးတစ်ယောက် သေဆုံးလာကြပါတယ်။
ဒီလို ဆန်းကြယ်တဲ့ဖြစ်ရပ်ကို သတိထားမိသွားတဲ့ Rubyတစ်ယောက်သူ့ exတွေကို မကြာခင်သေရတော့မယ်ဆိုတာ လိုက်သတိပေးပါတော့တယ်။
Rubyရဲ့ exတွေက ဘာလို့ တစ်ယောက်ပြီးတစ်ယောက် သေဆုံးကြရတာလဲ၊ ဒီကိစ္စကြီးကို ရပ်တန့်သွားအောင် Ruby ဘယ်လိုဖြေရှင်းမလဲဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်အိမ်ဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါးရှိတာမလို့ ကြည့်ရှုသူတွေ အကြိုက်တွေ့စေမဲ့ စီးရီးတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။

Post
Stephanie Hsu
Post
Zosia Mamet
Post
Michael Angarano
Post
Tommy Martinez

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top