One Hundred Years of Solitude (2024)
8.4
Price - 800Ks
မြန်မာစာတန်းထိုး
Episode 1 - 8
Memory – 7 GB
Runtime : 64 minutes
Video Format : 1080 P
Genres : Drama Series, Sci-Fi & Fantasy Series,

Trailer

Buendía မိသားစုရဲ့ မျိုးဆက်၇ဆက်ရဲ့ ဇာတ်လမ်းကို ပြသထားတဲ့ဇာတ်ပါပဲ။ မိသားစုတစ်ခုရဲ့ မျိုးဆက်၇ဆက်အကြောင်းပဲဆိုပေမဲ့ ဒီမိသားစုက လူတွေရဲ့ မတူတဲ့ဖြစ်တည်မှုတွေ မတူတဲ့စရိုက်တွေ မတူတဲ့ဝိသေသတွေကိုကြည့်ရင်း ကျွန်တော်တို့ခေါင်းထဲ တန်းစီဝင်လာမယ့် ကမ္ဘာ့သမိုင်းတစ်လျှောက်က နာမည်ကျော်ပုဂ္ဂိုလ်တွေကိုပြေးမြင်မိလောက်တဲ့အထိ မိသားစုတစ်စုရဲ့သမိုင်းကို ကမ္ဘာတစ်ခုရဲ့သမိုင်းလို တင်ဆက်ထားတာကို တွေ့ရပါလိမ့်မယ်။

ဒါက ဒီဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းစေတဲ့အချက်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီပထမ၈ပိုင်းမှာတော့မျိုးဆက်၃ဆက်အထိ ခရီးပေါက်ထားပါတယ်။ ၇ဆက်မြောက်မှာက လူလည်းမကျန်တော့ဘူးဆိုတော့ တစ်ဝက်ကျိုးသွားပြီပြောရပါမယ်။ ဒါပေမဲ့လည်း Joseသေတဲ့ ပထမခြမ်းရဲ့နောက်ဆုံးနားမှာ ၆ဆက်မြောက်က Aureliano Babilonia ဒီအဖြစ်တွေကိုပြန်ဖတ်နေတဲ့အခန်းကိုတော့ ထည့်ထားတယ်။

ဒီဇာတ်လမ်းမှာတင်ဆက်ထားတဲ့ Buendíaမိသားစုက လူတွေကလည်း မတူတဲ့ဗီဇအသီးအသီးနဲ့ စိတ်ဝင်စားစရာကောင်းသလို သူတို့မိသားစုရဲ့ ကြမ္မာကလည်း စိတ်ဝင်စားစရာကောင်းနေတယ်။ Magical Realism Genreဖြစ်တာနဲ့အညီပဲ ဇာတ်လမ်းတစ်လျှောက်မှာလည်း သူတို့မိသားစုဆီ ရောက်လာတတ်တဲ့ တစ္ဆေတွေ သူထူးတွေ အိပ်မက်ဆန်ဆန်အဖြစ်တွေရှိနေတယ်။ သူတို့ကမ္ဘာကြီးမှာ အစဉ်အလာတွေရော အသစ်တွေရောရှိနေသလို လက်တွေ့ကျတာတွေရော အယူသီးတာတွေရော ရှိနေတယ်။

သူတို့ကမ္ဘာကြီးမှာ လက်ခံခြင်းတွေရော လက်မခံခြင်းတွေရောရှိသလို သူတို့ကမ္ဘာကြီးမှာ လူမဆန်ခြင်းတွေရော ချစ်ခြင်းတွေရောရှိတယ်။ သူတို့ကမ္ဘာကြီးက ကျွန်တော်တို့ကမ္ဘာကြီးလည်းဆန်သလို သူတို့ကမ္ဘာကြီးက အိပ်မက်လည်းဆန်တယ်။ ဒီဇာတ်လမ်းတွဲမှာ García Márquezရဲ့ အဲဒီလိုကမ္ဘာကို ကျွန်တော်တို့မြင်ရပါလိမ့်မယ်။

Post
Claudio Cataño
Post
Gino Montesinos
Post
Ruggero Pasquarelli
Post
Marco Antonio González
Post
Susana Morales
Post
C. Eduardo de los Reyes
Post
Janer Villareal
Post
Cristal Aparicio
Post
Edwin Zamorano
Post
Mariam Castañeda
Post
Laura Sofía Grueso Akima
Post
Luna Ruíz
Post
Nicole Montenegro
Post
Carlos Suárez
Post
Laura Alonso Escobar
Post
Jacqueline Arenal

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top