Half Love Half Arranged (2024)
6.8
Price - 1200Ks
မြန်မာစာတန်းထိုး
Season 1 - 2
Memory – 6 GB
Runtime : 36 minutes
Video Format : 1080 P
Genres : Drama Series, Comedy Series,

Trailer

“ချစ်တိုင်းလည်း မညား” ဆိုတဲ့အတိုင်း အချစ်ဆိုတာလုပ်ယူလို့မရသလို ကိုယ်ဖြစ်ချင်သလိုလည်း ဖြစ်လာတတ်တာ သဘာ၀ပါပဲ။
ဘယ်လိုလူနဲ့ ဘယ်မှာဆုံတွေ့ပြီး ဘယ်လိုပေါင်းဖက်ရမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။
အဲဒီလိုမျိုး အချစ်ရဲ့ဆန်းကြယ်မှု အဖုံဖုံကို ဟာသတွေနှောပြီး အချစ်၊အလွမ်း၊ မိသားစုနဲ့ ဘ၀အရေး ရသစုံလင်အောင်ရိုက်ကူးထားတဲ့
ဘောလိဝုဒ် rom-com စီးရီးတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Half Love Half Arranged စီးရီးရဲ့ season 1 မှာလည်း
အပျိုကြီးမမ ရီယာတစ်ယောက် အလုပ်တစ်ဖက် အချစ်ရေးတစ်ဖက်နဲ့
တိုင်ပတ်နေတာကိုကြည့်ရှုခဲ့ရပြီးပါပြီ။ အခုတင်ဆက်ပေးမဲ့
season 2 မှာ လည်း အသက် ၃၀ တန်း ဆရာ၀န်အပျိုကြီးမမရီယာရဲ့ကမောက်ကမအချစ်ရေးကို
ရယ်ရယ်မောမော ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာ ထုံးစံအတိုင်း ရီယာတို့မိသားရဲ့ကသောင်းကနင်းအဖြစ်တွေနဲ့ အစပျိုးထားပါတယ်။
နဂိုကတည်းက သူ့ဘာသာရှုပ်နေတဲ့ မိသားစုထဲကို ရီယာတို့အဖေက
ဗတ်ဒ်ဆိုတဲ့ ခပ်ဖြောင့်ဖြောင့်ကောင်လေးတစ်ယောက် ခေါ်သွင်းလာပါတယ်။
အဲဒီအဖြစ်ကြောင့် ရှုပ်ထွေးငြင်းခုံနေရတဲ့ မိသားစုရေးအပြင် ဆေးရုံအလုပ်တွေနဲ့ရှုပ်နေတဲ့
ရီယာတစ်ယောက် သူ့အချစ်ရေးမှာပါ ဗျာများရဖို့ ဖြစ်လာပါတယ်။
အဲဒါကတော့ သူ့ချစ်သူဂျိုဂီရဲ့မဟာလျှို့ဝှက်ချက်ကြီးတစ်ခုကို ရီယာ သိလိုက်ရတာပါပဲ။
အဲဒီလျှို့ဝှက်ချက်က ရီယာနဲ့ဂျိုဂီကြားမှာ ဘယ်လိုအဖြစ်တွေဖြစ်လာစေမလဲ၊
ရီယာက နားလည်လက်ခံ‌ပေးရင်တောင် ရီယာ့မိသားစုကလက်ခံနိုင်ပါ့မလား၊
ရီယာတစ်ယောက် ဒီတစ်ခါရော ချစ်သူနဲ့ပေါင်းဖက်ခွင့်ရပါ့မလားဆိုတာကို
ဟာသနဲ့ဒရာမာနှောပြီး ရိုက်ကူးထားတာမို့ ဘ၀အမောတွေ
ခဏတာပြေပျောက်ဖို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။

Post
Maanvi Gagroo
Post
Karan Wahi
Post
Grusha Kapoor
Post
Supriya Shukla
Post
Amit Singh Thakur
Post
Bhavya Grover
Post
Shruti Jolly
Post
Pulkit Makol
Post
Aradhana Tripathi
Post
Kashish Saluja
Post
Simarpreet Singh
Post
Rithvik Dhanjani

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top