အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDB 8.2/10 အထိရရှိထားပြီး Horror, Thriller အမျိုးအစားလည်း ဖြစ်ပါတယ်
ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံကြီးက တော်တော်ကြီးကို ပြောင်းလဲနေပါပြီ
ဥပဒေတွေ၊ မူဝါဒတွေ၊ နိုင်ငံရေးအယူအဆတွေ၊ ဘာသာရေးအခြေအနေတွေနဲ့ အကြမ်းဖက်မှုများစွာလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
ဒီထဲမှာမှ အဆိုးရွားဆုံးအကြမ်းဖက်သမားကတော့ အလီ ဆာအီးဒ် အလ်ယာကွဘ်ပဲ ဖြစ်ပါတယ်
ဒီအကြမ်းဖက်သမားကို အထူးတပ်ဖွဲ့တွေက ဖမ်းစီးနိုင်ခဲ့ပါတယ်
ဖမ်းစီးရရှိတဲ့အကြမ်းဖက်သမားတိုင်းကို အဆင့်မြင့် စစ်ကြောရေးဋ္ဌာနမှာ စစ်ဆေးလေ့ရှိပြီး ဒီအကြမ်းဖက်သမားကို စစ်ဆေးဖို့ နီဒါဆိုတဲ့ သင်တန်းဆင်း အရာရှိတစ်ယောက်ကို ခေါ်ခဲ့ပါတယ်
နီဒါဆိုတာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဆိုပေမယ့် မျိုးချစ်စိတ်ရှိသူတစ်ဦးဖြစ်ပြီး အဖေအရင်းကိုတောင် အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိလို့ ကိုယ်တိုင်ဖမ်းစီးခဲ့သူပါ
အကြမ်းဖက်သမားအများစုက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြပြီး အခုလိုစစ်ကြောဖို့ကို အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ နီဒါကို ခေါ်ယူခဲ့တာ ဘာကြောင့်ပါလဲ …
အကြမ်းဖက်သမားကလည်း ထင်ထားသလောက် ရိုးရှင်းပါ့မလား …