ငါ့ဘဝမှာ ပိုက်ဆံကို လောဘမတက်ခဲ့ဘူး
အာဏာကို ရယူဖို့လည်း မကြိုးစားခဲ့
ဒီတော့ နောက်ဆုံးကျန်တာက ” ပူဝါ
သေမင်းခံတွင်းဝက ဗီဂရန့်ရဲ့နောက်ဆုံးအတွေးတွေပေါ့။
ဒီနေ့ IMDb မှာ rating 7.7 ထိရထားတဲ့ Netflix ရဲ့
အိန္ဒိယဇာတ်လမ်းတွဲကောင်းတစ်ခုကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
မြင်မြင်ချင်းချစ်ရတဲ့ ယောက်ျားတစ်ယောက်ကို ၁၅ နှစ်
၈ လ ၇ ရက်စောင့်ပြီး ပြန်တွေ့တော့ လက်ထပ်ချင်ခဲ့တဲ့ ပူဝါတစ်ယောက်။
ရှီဂါဆိုတဲ့ မိန်းကလေးကိုပဲ မြတ်နိုးပြီး ရင်ထဲ သိမ်းထားတဲ့ ဗီဂရန့်။
ဒီ ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်က ပုံမှန်အချစ်ဇာတ်လမ်းတွေလိုတော့ မရိုးရှင်းလှပါဘူး။
ပူဝါဆိုတဲ့ မိန်းကလေးက သူ့ဘဝမှာမွေးကတည်းက လိုချင်တာမှန်သမျှရခဲ့တဲ့သူပါ။
ဒါတွေအားလုံးက သူ့အဖေ အကီရာဂျ်ဆိုတဲ့ နိုင်ငံရေးသမားကြောင့်ပေါ့ဗျာ။
အာဏာတည်မြဲဖို့ အင်အားကြီးဖို့ လူသတ်ဖို့ဝန်မလေးတဲ့
အထက်တန်းအသိုင်းအဝန်းက လူတစ်ယောက်။ သူ့သမီးသာလိုချင်ရင်
ကောင်းကင်က ကြယ်ကိုတောင်ခူးပေးမယ့် အကီရာဂျ်က
” ဗီဂရန့်ကိုရော သမီးလေးအလိုကျ လက်ထပ်ပေးနိုင်ပါ့မလား။
ဗီဂရန့်ကရော ချစ်ရတဲ့ရှီဂါကိုရွေး အကီရာဂျ်လက်ထဲ အစအနတောင် မရပဲ လက်စဖျောက်ခံလိုက်ရမလား။
ဗီဂရန့်ဆိုတဲ့ ပုရွတ်ဆိတ်တစ်ကောင် အင်အားနဲ့ အကီရာဂျ်လို ဆင်ခွန်အားကို
တွန်းလှန်နိုင်ခဲ့ပါ့မလားဆိုတာ ဒီဇာတ်ကားမှာ အသည်းတယားယားနဲ့ ကြည့်ရှုပေးပါဦးခင်ဗျာ။
အပိုင်း ၈ ပိုင်းထိပါတာမို့ Channel Myanmar website မှာ တဝကြီးခံစားလိုက်ကြရအောင်ဗျာ။