အိမ်ထောင်ရေးဆိုတာ သူ့ဘက် ကိုယ့်ဘက်
မျှမျှတတနဲ့ တည်ဆောက်ရတဲ့အမျိုး မဟုတ်ပါလား
အဲဒီလိုမှမဟုတ်ဘဲ တစ်ဖက်သက် စောင်းနင်းပဲ
ကိုယ့်အတ္တနဲ့ ကိုယ့်လိုဘပဲ ကြည့်မယ်ဆိုရင်တော့
အဲဒီအိမ်ထောင်ရေးဟာ မလွဲမသွေ ပျက်ကိန်းကြုံရမှာ အမှန်ပါပဲ
ဒီကားထဲက ရှေ့နေကြီးတစ်ယောက်ရဲ့ ဇနီးကလည်း
အဲဒီ တစ်ဖက်စောင်းနင်းအိမ်ထောင်ရေးကြီးကို
နှစ်ရှည်လများ ခံစားနေရတဲ့သူပေါ့
သူဟာ ဘယ်သူ့ကိုမှ လွယ်လွယ်ထုတ်ပြောလို့ မရတဲ့ သူ့ယောက်ျားရဲ့ အိမ်တွင်းအကြမ်းဖက်မှုကြီးကို ခံစားနေရသူဖြစ်ပြီး
အဲဒီလိုနဲ့ တစ်နေ့ရောက်တော့ သူ့ယောကျာ်းကို
သူ ဓားနဲ့ထိုးသတ်လိုက်ပါတော့တယ်
လူတွေအမြင်မှာ ကိုယ့်မိန်းမကို အရမ်းချစ်တဲ့
ရှေ့နေကြီး၊ အရမ်းသဘောထားကြီးတဲ့ ရှေ့နေကြီး၊
တရားမျှတမှုဘက်မှာပဲနေတဲ့ ရှေ့နေကြီး
သူ့မိန်းမရဲ့ အသတ်ကို ခံလိုက်ရတဲ့အခါမှာတော့
အားလုံးဟာ မိန်းမဖြစ်သူကိုပဲ အပြစ်တင်ကြတော့တာပေါ့ သူ့ရဲ့သမီးလေး အပါအဝင်ပါပဲ
ဒါပေမယ့် ပိတ်ထားတဲ့တံခါးတွေရဲ့ နောက်ကွယ်က
အမှန်တရားကိုတော့ ဘယ်သူမှ မမြင်နိုင်ခဲ့ပါဘူး
ဒါကို မြင်အောင်လုပ်ပေးမှာကတော့
ဇာတ်လိုက်ကြီး ရှေ့နေ မီရှရာကလွဲလို့ ဘယ်သူရှိဦးမှာပါလဲ
ကဲ အဲဒါကြောင့်….. အားလုံးပဲ
ပိတ်ထားတဲ့ တံခါးတွေရဲ့ နောက်ကွယ်က အမှန်တရားကို
အခုပဲ တစေ့တစောင်း ငဲ့ကြည့် အဖြေရှာလိုက်ကြရအောင်လားရှင်