ဇာတ်လမ်း ကျောရိုးလေးကတော့
အကြမ်းဖက်သမားတွေရဲ့ ကျူးကျော်တိုက်ခိုက်ခြိမ်းခြောက်မှုဒဏ်ကို ခံနေရတဲ့
အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ အဖွဲ့တစ်ခု စတင်ဖွဲ့စည်းတာကို အခြေပြုရိုက်ကူးထားတာပါ ။
အကြမ်းဖက်သမားတွေကြောင့် သေဆုံးနေရတဲ့ အသက်ကို ကာကွယ်ဖို့အတွက် အိန္ဒိယနိုင်ငံ
အမျိုးသားလုံခြုံရေးကောင်စီက ပရောဂျက် HAWK ဟော့ခ် အမည်ဖြင့် အထူးကွန်မန်ဒိုတပ်ဖွဲ့တစ်ခုကို
ကြည်းတပ် ရေတပ် လေတပ် အင်အားစုသုံးခုက ထိပ်တန်းအရာရှိတွေနဲ့ ဖွဲ့စည်းဖို့ ကြိုးစားခဲ့ပါတယ် ။
ဟော့ခ်ကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကတော့ အကြမ်းဖက်မှုတွေကို အချိန်နဲ့တပြေးညီ မကြန့်ကြာစေဘဲ
ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်
အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ရွေးချယ်ခံရသူကတော့ အတိတ်က
တပ်သားတွေကို ဆုံးရှုံးခဲ့ရတာကြောင့် ကိုယ့်ကိုကို အားမလိုအားမရဖြစ်ခဲ့တဲ့
ပင်စင်ယူခါနီး တပ်မှူး ရန်ဂျန် မာလစ်ပဲဖြစ်ပါတယ် ။
သူကိုယ်တိုင် ဟော့ခ် အထူးတပ်ဖွဲ့ဝင်တွေကို ရွေးချယ်ရာမှ
– လေတပ်ဗိုလ်ကြီး (ဖိုက်တာပိုင်းလော့ ) အာဗန်တီကာ ရောင်
– တစ်ခုခုဆို စာအုပ်ကြီးတိုင်း မလုပ်တတ်တဲ့အပြင် အတိတ်ကနာကျင်မှုတွေကြားထဲက
ရုန်းမထွက်နိုင်သေးတဲ့ ပိုင်းလော့ ဗီရက်ဂျ်
– လေတပ် တပ်ဖွဲ့ခေါင်းဆောင် ဆလင်း ကာမာလီ စတဲ့ ထိပ်တန်းအရာရှိတွေ ပါဝင်လာပါတော့တယ် ။
အချင်းချင်းကြားက နာကျင်စရာ ဇာတ်လမ်းတွေရှိနေခဲ့တဲ့ အရာရှိတွေ
နိုင်ငံကို ကာကွယ်ဖို့ တစ်စည်းတစ်လုံးတည်း အဖွဲ့တစ်ခု အဖြစ်ရပ်တည်လာရမယ့်အချိန် ….
သူတို့ အတ္တတွေကို အတိတ်တွေကို စွန့်လွှတ်နိုင်ပါ့မလား
ဟော့ခ်ရဲ့ အဓိကရည်ရွယ်ချက်ကိုရော အကောင်အထည်ဖော်နိုင်ပါ့မလား
အကြမ်းဖက်သမားတွေကို ချေမှုန်းနိုင်ပါ့မလားဆိုတာ …. ဆက်လက်ကြည့်ရှုပေးကြပါဦးနော်