အိန္ဒိယပြည်သူတွေနဲ့ ရုပ်သံဌာနတွေ သတင်းစာမျက်နှာဖုံးတွေထက်မှာ
သတင်းထူးကြီ:တက်လာတယ်…နာမည်ကြီးမင်းသမီးတစ်ဦးက ဒါရိုက်တာကြီးတစ်ဦးကို မုဒိမ်းမှုနဲ့တရားစွဲလိုက်တာပဲဖြစ်ပါတယ်…
သိပ်လည်းလှတဲ့မင်းသမီးဖြစ်သလို ဖန်လည်းတောင့်တဲ့အတွက် သူမဘက်ကဝန်းရံတဲ့သူတွေလည်း
အများအပြားပဲ…
ဒီမှာပြဿနာကဘာလဲဆိုတော့ ရှေ့နေတွေဖြစ်တယ်… ရှုံးတဲ့သူဘက်က လိုက်တဲ့ရှေ့နေအဖွဲ့ဟာ
နာမည်အကြီးအကျယ်ပျက်နိုင်သလို နိုင်တဲ့သူကျတော့ ကြေငြာစရာမလိုဘဲ နာမည်တက်မဲ့အနေအထားမျိုးပဲ…
တစ်နိုင်ငံလုံးစိတ်ဝင်စားကြသလို တရားခွင်ဟာလည်း နားထောင်တဲ့သူတွေအများအပြားပါပဲ…
ဒါ့ကြောင့် နာမည်ကျော်ရှေ့နေတွေဟာ ဒီအမှုအတွက် သတိကြီးကြီးနဲ့ချဉ်းကပ်ကြသလို
ဂရုတစ်စိုက်နဲ့ပြင်ဆင်လာကြတယ်…
အဲ့ဒီနောက်မှာတော့ တရားခွင်စစ်ရင်းစုံစမ်းရင်းနဲ့ မထင်မှတ်ထားတဲ့ပြဿနာတွေပါ
ဆက်တိုက်ပေါ်လာတဲ့အခါမှာတော့….