အခုတခါမှာတော့ မကြာသေးမီကမှ ပူပူနွေးနွေး ထွက်ထားတဲ့ ခပ်မိုက်မိုက် Indian series လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
Aspirants လို့ အမည်ရတဲ့ ဒီ Web Series ဟာ အံ့သြဖို့ကောင်းလောက်အောင် Viewer (၃)သိန်းနီးပါးvoteထားပြီး IMDb..9.0ထိတောင်
ရရှိထားတာတွေ့ရပါတယ်။
India နိုင်ငံမှာ အခက်ဆုံးနဲ့ အကျော်ကြားဆုံး စာမေးပွဲ တစ်ခုရှိပါတယ်။
အဲ့ဒါကတော့ အရာရှိအရည်အချင်းစစ် စာမေးပွဲပါ။
UPSC လို့ အတိုကောက်ခေါ်တဲ့ Union Public Service Commision ဟာ နှစ်စဥ် IAS အရာရှိ အရည်အချင်းစစ် စာမေးပွဲကို ကျင်းပပါတယ်။
ကမ္ဘာပေါ်မှာ ဒုတိယအခက်ဆုံးလို့ နာမည်ကြီးတဲ့ IAS စာမေးပွဲ ကို အောင်မြင်မှသာ India မှာ ထိပ်တန်းအဆင့် အရာရှိ တွေ ဖြစ်ခွင့်ရှိပါတယ်။
Abhilash၊ Guri နဲ့ SK ဆိုတဲ့ သူငယ်ချင်း ၃ယောက်ရဲ့ IAS စာမေးပွဲ ဖြေဖို့အတွက်
India ရဲ့ နာမည်ကြီး အရာရှိသင်တန်းကျောင်းမှာ ကြိုးစားကြပုံတွေ၊ သူတို့ဘယ်လိုအခက်အခဲတွေကို ြဖတ်သန်းနေရပုံတွေကို စိတ်ဝင်စားဖွယ်ရာတွေ့ြမင်ရမှာဖြစ်ပါတယ်….
သာမန် Bollywood ဇာတ်ကားတွေရဲ့ ပုံစံကနေ သိသိသာသာ ကွဲထွက်နေတဲ့ ဒီ web series ဟာ
အပိုင်း ၅ပိုင်း ပါရှိပြီး Imdb rating 9 ထိ ရရှိနေတာမို့ လုံးဝ လက်လွတ် မခံသင့်တဲ့ ဇာတ်လမ်းတွဲ တစ်ခုပဲဖြစ်ပါတယ်။
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kaung Thet Naingပဲဖြစ်ပါတယ်…