No Way Out The Roulette (2024)
6.8
Price - 800Ks
မြန်မာစာတန်းထိုး
Episode 1 - 8
Memory – 7 GB
Runtime : 53 minutes
Video Format : 1080 P
Genres : Crime Series, Action & Adventure Series, Drama Series,

Trailer

အခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်လမ်းတွဲအသစ်လေးကတော့
action ကားကြိုက်သူတွေနဲ့ မှုခင်းရေးရာအဖြစ်အပျက် ဇာတ်ကားတွေကို
နှစ်သက်ကြသူတွေ သဘောတွေ့စေမဲ့ No Way Out: The Roulette ဆိုတဲ့
action thriller ဇာတ်လမ်းတွဲအသစ်လေးပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲလေးထဲမှာတော့ ကျွန်တော်တို့ အကုန်လုံးသိပြီးသား
မင်းသား မင်းသမီးကြီးတွေဖြစ်ကြတဲ့ Jo Jin Woong၊ Yoo Jae Myung၊
Yeom Jung Ah၊ Kim Mu Yeol၊ Lee Kwang Soo၊ Kim Sung Chul တို့နဲ့အတူ
ထိုင်ဝမ်က နာမည်ကြီးမော်ဒယ်မင်းသား Greg Hsu က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့
ရက်စက်လှတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်တဲ့
ဂင်ဂုဟို (Yoo Jae Myung) ဟာ ထောင်ထဲမှာ 13နှစ်ကြာ အပြစ်ဒဏ်ခံယူပြီး
လွတ်မြောက်လာတဲ့အခါ မျက်နှာဖုံးစွပ်ပြီး ဆုံလည်ကိုလှည့်ကာ ပစ်မှတ်ကိုရွေးတတ်တဲ့
အမည်မသိသူတစ်ယောက်က ဂင်ဂုဟိုရဲ့ ခေါင်းကို ဖြတ်ပြီး သတ်နိုင်တဲ့သူကို
ဝမ် 15 ဘီလီယံပေးမယ်လို့ ပြည်သူလူထုကို ကမ်းလှမ်းခဲ့ရပါတယ်။
ဂင်ဂုဟိုဟာ ရှေ့နေအီဆန်ဘုံး (Kim Mu Yeol) ကို သူ့တရားရေးရာဆိုင်ရာ
ပြောခွင့်ဆိုခွင့်ရှိသူတစ်ယောက်အဖြစ်ခန့်အပ်ခဲ့ပြီး စုံထောက်ဘဲ့ဂျုံရှစ် (Jo Jin Woong)ဟာ
ထိုရာဇဝတ်သားဂင်ဂုဟိုကို ပိုက်ဆံရရင် ဘာမဆိုလုပ်မယ်ဆိုတဲ့သူတွေရဲ့
လက်ထဲကနေ လွတ်မြောက်အောင် ဘယ်လိုကယ်တင်သွားမလဲ။
တစ်ဖက်မှာလည်း ပိုက်ဆံတွေ ဆုံးရှုံးထားတဲ့ သားသတ်သမား
ယွန်းချန်းဂျယ်(Lee Kwang Soo) ကရော သူ့ပိုက်ဆံတွေပြန်ရဖို့ ဘယ်လိုလုပ်ကိုင်သွားမလဲ..။

Post
Cho Jin-woong
Post
Yoo Jae-myung
Post
Yum Jung-ah
Post
Kim Moo-yul
Post
Lee Kwang-soo
Post
Greg Hsu
Post
Kim Sung-cheol
Post
Seong Yu-bin
Post
Hyun Bong-sik

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top