အီဗန်မားကွက်ဟာ တက္ကဆက်ပြည်နယ်အော်စတင်မြို့က အထက်တန်းကျောင်းမှအင်္ဂလိပ်စာဆရယတစ်ယောက်ဖြစ်ပါတယ် ပြီးတော့ သူဟာ”ဂေး”တစ်ယောက်လည်းဖြစ်ပါတယ် သူဟာစည်းကမ်းတကျစာအုပ်အကြီးအတိုင်းလုပ်တတ်တဲ့သူဖြစ်ပါတယ် အဲ့ဒါကြောင့်လည်း မကြာခဏပြဿနာတက်ရလေ့ရှိပါတယ်
ကျောင်းမှာ သူနဲ့ခင်တဲ့ဆရာအုပ်စုလည်းရှိပါတယ် အဲ့ထဲက “ဂွမ်”ကတော့ သူနဲ့အခင်ဆုံးသူပေါ့ “ဂွမ်”က သမိုင်းဆရာမတစ်ယောက်ပါ နောက်ထပ်အီဗန်ရဲ့သူငယ်ချင်းတစ်ယောက်ကတော့ အားကစားနည်းပြမာကီပါ
ဒီစီးရီးတစ်လျှောက်မှာ အီဗန်နဲ့သူ့ရဲ့သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေက ကျောင်းသားတွေနဲ့မိဘတွေရဲ့တောင်းဆိုချက်တွေကို မျှတအောင်ဘယ်လိုမျိုးကြိုးစားလုပ်ပေးကြမလဲဆိုတာကိုကြည့်ရှုရမှာပါ
နောက်ပြီး အီဗန်တစ်ယောက်ပြဿနာတွေကြုံလာတဲ့အခါ သူငယ်ချင်းတွေကဘယ်လိုကူညီကြမလဲ အတွေးလွန်ပြီးစာအုပ်ကြီးအတိုင်းလုပ်တတ်တဲ့အီဗန်ရော ဘယ်လိုအလွဲတွေဖြစ်မလဲဆိုတာကိုလည်း ဟာသဆန်ဆန်တွေ့ရဦးမှာပါ