Fugueuse (Aka) Runaway (2018)
7.6
Price - 1000Ks
မြန်မာစာတန်းထိုး
Episode 1 - 10
Memory – 13 GB
Runtime : 45 min
Video Format : 1080 P
Genres : Drama Series,

Trailer

ရုပ်ရှင်တစ်ခု၊ အထူးသဖြင့် အချိန်ပိုပေးရတဲ့ စီးရီးတစ်ခုကို မကြည့်ခင် ဘာကြောင့်ကြည့်သင့်တာလဲ ဆိုတဲ့မေးခွန်းကို မေးဖို့လိုတယ်။ အနုပညာက အနုပညာအတွက်သက်သက်ဆိုတဲ့ အမြင်ကြောင့်ကြည့်မလား။ ဒါမှမဟုတ် အသိတစ်ခုရဖို့အတွက် ကြည့်မလား။ ဒီစီးရီးက အသိတစ်ခုရဖို့ ဖျော်ဖြေမှုကောင်းကောင်းနဲ့ ချပြထားတဲ့ စီးရီးတစ်ခုလို့ ပြောနိုင်တယ်။ လောကကြီးက ပွေလီတယ်။ ယုံစားလို့မရတဲ့လူတွေရှိတယ်။ ကိုယ့်ရဲ့ဖြူစင်မှုကို နင်းချမယ့် လူတွေရှိတယ်။ ဒီစီးရီးမှာ မိဘတွေရဲ့ လှောင်အိမ်ကြားကနေ လောကကြီးထဲ ပစ်ဝင်ပြီး အမြတ်ထုတ်ခံခဲ့ရတဲ့ ‌ကောင်မလေးတစ်ယောက်ကို တွေ့ရလိမ့်မယ်။ သူ့ဘဝကိုမြင်ရမယ်။ သူ့အတွေးတွေကိုမြင်ရမယ်။ သူ့ဆီက‌တဆင့် ကျနော်တို့ရဲ့ ဆယ်ကျော်သက်ဘဝက အတွေးတွေကိုပါ ပြန်မြင်ရလိမ့်မယ်။
Fugueuse ဆိုတာ အိမ်ပြေးလို့ အဓိပ္ပာယ်ရတယ်။ အဓိက ဇာတ်ကောင်ကတော့ ဖန်နီဆိုတဲ့ ၁၆ နှစ်အရွယ်ကောင်မလေးပဲ။ သူ့မိသားစုက အာရှမိဘတွေလို သိပ်ချုပ်ချယ်တယ်။ ညဆို ဘယ်နှနာရီပြန်လာ၊ ဘယ်သူနဲ့ပဲပေါင်း၊ ဘာလုပ်၊ ညာလုပ်ပေါ့။ မိဘတွေရဲ့ အမြင်မှာတော့ သူတို့သမီးလေးကို အန္တရာယ်မဖြစ်စေချင်လို့ အဲဒီလိုထိန်းချုပ်ထားတာပဲ။ ဖန်နီရဲ့အမြင်မှာတော့ သူ့ကို ချုပ်ချယ်တယ်လို့ပဲမြင်တယ်။ ဖန်နီက သူ့ကို အခုလို ချုပ်ချယ်နေတာကို သဘောမကျဘူး။ ဘက်ပေါင်းစုံက ဖိအားများလာတဲ့အချိန်မှာ ပေါက်ထွက်သွားဖို့လွယ်တယ်။ ဖန်နီ ပေါက်ကွဲသွားဖို့အတွက် သူ့သူငယ်ချင်းတွေနဲ့ စီစဉ်ထားတဲ့ခရီးတစ်ခု မသွားရတဲ့ကိစ္စက စနက်တံဖြစ်သွားတယ်။
ခရီးပေးမထွက်တဲ့ညက သူ့မိဘတွေကို ပုန်ကန်မယ်ဆိုတဲ့အတွေးနဲ့ သူအပြင်မှာ အိပ်တယ်။ အဲဒီမှာ ဒေမီယန်ဆိုတဲ့ အဆိုတော်တစ်ယောက်နဲ့တွေ့တယ်။ သူက ဖန်နီ့ကို သူ့ရဲ့ ဗီဒီယိုမှာ ပါဖို့ပြောပြီး အမြဲအဆက်အသွယ်လုပ်တယ်။ ဒီနေရာမှာ အသက်ကြီးတဲ့လူတွေက ကောင်‌မလေးတွေကို ဘယ်လို Manipulate လုပ်သလဲဆိုတာကိုပါ မြင်ရတယ်။ အရင်ဆုံး လက်ဆောင်တွေပေးတယ်၊ ဖန်နီ သူ့ရည်းစားနဲ့ပြတ်သွားတဲ့အချိန် နွေးထွေးမှုပေးတယ်။ သူလိုချင်တာကို မရမချင်း လုံးဝ လူကောင်းတစ်ယောက်လိုနေပြီး သူ့စိတ်တိုင်းကျ ပုံသွင်းတယ်။ ဒါတွေက အခုခေတ် လူငယ်တွေအနေနဲ့ သိထားသင့်တဲ့ လူတွေအကြောင်းကို ကောင်းကောင်းပြောပြလိမ့်မယ်။ အဲဒီလို အယုံသွင်းပြီးတဲ့နောက်တော့ သူ့ကို ပြည့်တန်ဆာလောကထဲအထိ ခေါ်သွင်းသွားခဲ့တယ်။
ဒီစီးရီးတစ်ခုလုံးကို အဖြစ်အပျက်သေးသေးလေးတွေကပဲ သယ်သွားတယ်။ အဲဒီအဖြစ်အပျက်သေးသေးလေးတွေက စုပုံလာတာကို မြင်နေရင်း ကြည့်တဲ့သူကပါ ရင်မောလာလိမ့်မယ်။ ကျနော်တို့ ကြုံခဲ့ဖူးလောက်တဲ့ teenage crisis ကိုပါ ဒီထဲပါ သေချာမြင်ရလိမ့်မယ်။ ပြည့်တန်ဆာလောကတွေ၊ မူးယစ်ဆေးတွေ၊ လူကုန်ကူးမှုတွေအကြောင်း အရှိအတိုင်းပြထားတဲ့အတွက် သတိထားဆင်ခြင်စရာတွေ ရလိမ့်မယ်။ အဖော်အချွတ်အခန်းတွေပါတဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့တော့မသင့်တော်ပါဘူး။ ဘဝဆိုတာ ပန်းခင်းတွေနဲ့ချည်းပြည့်နေတာမဟုတ်သလို လူတွေကလည်း သူတော်စင်တွေချည်းမဟုတ်ဘူး။ မိတ်ဆွေတွေ၊ မိတ်ဆွေယောင်ဆောင်တဲ့ ရန်သူတွေ လောကမှာ အပြည့်ရှိတယ်။ ကိုယ့်ရန်သူကို အနိုင်ယူဖို့ ရန်သူအကြောင်းသိရမယ်။ ဒီစီးရီးကတော့ ရန်သူ‌တွေအကြောင်း တစ်စေ့တစ်စောင်းပါပဲ။

Post
Ludivine Reding
Post
Kimberly Laferriere
Post
Sebastien Beaulac
Post
Iannicko N'Doua-Légaré
Post
Karen Elkin
Post
Jean-François Ruel
Post
Mimo Magri
Post
Lynda Johnson
Post
Danielle Proulx
Post
Geneviève Rochette

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top