Inside Man (2022)
6.6
Price - 400Ks
မြန်မာစာတန်းထိုး
Episode 1 - 4
Memory – 4 GB
Runtime :
Video Format : 1080 P
Genres : Crime Series, Drama Series, Mystery Series,

Trailer

Games of Thorne , Sherlock Holmes စတဲ့ အကောင်းဆုံး ဇာတ်လမ်း
တွဲတွေကို ထုတ်လွှင့်ခဲ့တဲ့ BBC ကနေ တာဝန်ယူထုတ်လွှင့်ထားတဲ့ စုံထောက်
လူသတ်ဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းတွဲ ဆိုပေမယ့် ၄ ပိုင်းထဲပါပြီး ၄
နာရီကြာဇာတ်ကားတစ်ခုလို အတော်လေးကြည့်ကောင်းတဲ့ ဇာတ်လမ်းတွဲ
တစ်ခုဖြစ်ပါတယ်။ နာမည်ကြီး British မင်းသား David Tennat နဲ့ ရာဇ
ဝတ်ကားတွေဆို နောက်ကွယ်ကဉာဏ်ကြီးရှင် Master mind နေရာမှာပါဝင်
နေကြ Stanley Tucci တို့က ပါဝင်အားဖြည်ထားပါတယ်။
ရာဇဝတ်မှုပိုင်းဆိုင်ရာပညာနဲ့ ပါရဂူဘွဲ့ရခဲ့ပြီး
မှုခင်းလောကရဲ့ နာမည်ကြီးစုံထောက်ကြီး…ဂျက်ဖာဆင်ဟာ ကိုယ့်မိန်းမကို
သတ်မှုနဲ့ ထောင်ကျနေခဲ့တာ ၁၀ နှစ်ရှိပါပြီ။ ရိုးရိုးသတ်တာမဟုတ်ဘဲ ခေါင်းပါ
ဖြတ်ခဲ့လို့ သေမိန့်ကျထားခံရသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပညာဟာ ထောင်
ထဲရောက်သွားတောင် အကျိုးပေးနေပါသေးတယ်။ အပြင်လောကက မနိုင်
တော့တဲ့ အမှုမှန်သမျှကို ရဲ, စုံထောက်တွေက ဆရာကြီးဂျက်ဖာဆင်ဆီ လာပြီး
ထောင်ထဲထိ ဖြေရှင်းခိုင်းရပါတယ်။ သူကလည်း သာမန်အမှုမျိုးဆို ကိုင်တတ်
သူမဟုတ်ဘဲ၊ သူ့ရဲ့သတ်မှတ်စံနှုန်းပြည့်မှီတဲ့ အမှုကိုမှ ကိုင်ပါတယ်။
အမှုတွေဖြေရှင်းလာရင်း သူသေမိန့်နီးလာတဲ့ ၂ ပတ်အလိုမှာ အင်္ဂလန်က ဘုန်း
ကြီးလူသတ်မှုကို ဖြေရှင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ သာမန်ဆို ခရစ်
ယာန်ဘုန်းတော်ကြီး ဟယ်ရီဟာ လူသတ်ဖို့မပြောနဲ့ တစ်မြို့လုံးကချစ်ကြတဲ့
လူကောင်း ဘုန်းတော်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဟယ်ရီရဲ့ ရှုပ်
ထွေးလှတဲ့အမှုကို ဖြေရှင်းဖို့ ဂျက်ဖာဆင်ဆီ ရောက်လာတဲ့ အခါမှာတော့ . . .
မသေခင် နောက်ဆုံးအမှုတစ်ခုကို ကိုင်တွယ်ဖို့ဆုံးဖြတ်လိုက်တဲ့ ဂျက်ဖာဆင်နဲ့
ဟယ်ရီတို့ရဲ့ အမှုကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ စုံထောက်ဇာတ်
လမ်းတွဲတွေ ကြိုက်သူအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်လမ်းတွဲလို့ အကြံ
ပြုချင်ပါတယ်။ ဂျက်ဖာဆင်အဖြစ် သရုပ်ဆောင်ထားသူက Stanley Tucci
ပဲ ဖြစ်ပါတယ်။

Post
David Tennant
Post
Stanley Tucci
Post
Dolly Wells
Post
Lydia West
Post
Lyndsey Marshal
Post
Louis Oliver
Post
Atkins Estimond
Post
Dylan Baker
Post
Eke Chukwu
Post
Kate Dickie
Post
Tilly Vosburgh
Post
Boo Golding

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top